အမေရိကန် ပိတ်ဆို့အရေးယူမှုစာရင်းတွင် တရုတ် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ ပါဝင်


01 January, 2020

ကိုလံဘိုဆိပ်ကမ်း တည်ဆောက်လျက် ရှိသည့် ကုမ္ပဏီများအပါအ၀င် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီ ၂၄ ခုအား အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။ အမေရိကန်ကုမ္ပဏီများအနေဖြင့် အဆိုပါစာရင်းဝင် ကုမ္ပဏီများထံသို့ ကုန်ပစ္စည်းများကို အစိုးရ၏ခွင့်ပြုချက် လိုင်စင်မပါဘဲ တင်ပို့ခြင်းကိုတရားမဝင် တင်ပို့မှုအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘို ဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေး လုပ်ကိုင်လျက်ရှိသော China Harbour Engineering Company ၏ မိခင်ကုမ္ပဏီဖြစ်သော တရုတ်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီ China Communications Construction Company (CCCC) စာရင်းတွင် ပါဝင်နေသည်။ China Harbour Engineering Company သည် သီရိလင်္ကာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို အကြီးအကျယ်လုပ်ကိုင်လျက် ရှိရာ Hambantota Port နှင့် Mattala Rajapaksa International Airport တို့ကို တည်ဆောက်ခဲ့သည်။

China Communications Construction Company (CCCC) သည် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကြီးတွင်လည်း ပါဝင်လုပ်ကိုင်မည့် ကုမ္ပဏီ ဖြစ်သည်။ 

ပိတ်ဆို့အရေးယူမှုများ (sanctions) ပြုခံရသည့် ဆောက်လုပ်ရေးလုပ်ငန်းများသည် တောင်တရုတ်ပင်လယ်တွင် ကျွန်းအတုတစ်ခု တည်ဆောက်နေသည့် စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေသော ကုမ္ပဏီများ ဖြစ်သည်ဟု ဆိုသည်။ ထိုကျွန်းအတု တည်ဆောက်ခြင်းသည် One Belt, One Road initiative (OBOR) ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။

ပိတ်ဆို့အရေးယူမှုများ (sanctions) ပြုခံရသည့် ဆောက်လုပ်ရေးလုပ်ငန်းများသည် တောင်တရုတ်ပင်လယ်တွင် ကျွန်းအတုတစ်ခု တည်ဆောက်နေသည့် စီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေသော ကုမ္ပဏီများ ဖြစ်သည်ဟု ဆိုသည်။ ထိုကျွန်းအတု တည်ဆောက်ခြင်းသည် One Belt, One Road initiative (OBOR) ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
ကျွန်းအတု တည်ဆောက်ခြင်းတွင် ပါဝင်သည့် ဆောက်လုပ်ရေး လုပ်ငန်းများကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုများ ပြုခြင်းသည် ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။ ထိုသို့ တောင်တရုတ်ပင်လယ်တွင် ကျွန်းအတုတည်ဆောက်သည့် အစီအစဉ် အရေးပါသည့် ကုန်သွယ်ရေကြောင်းခရီးလမ်းကြောင်းကို ထိန်းချုပ်ရန် တရားမဝင် ကြိုးပမ်းအားထုတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်ရာ စာရင်းပါ ကုမ္ပဏီတွင် လုပ်ကိုင်နေကြသူများအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မည် ဖြစ်သည်။

အမည်ပျက်စာရင်းကို “Entity List” ဟု တရားဝင်အမည်ခေါ်တွင်ပြီး တရုတ်နိုင်ငံမှ နည်းပညာကုမ္ပဏီကြီးဖြစ်သော ဟွာဝေးအပါအဝင် တရုတ်ကုမ္ပဏီ ၃၀၀ ကျော် ၎င်းစာရင်းတွင် ပါဝင်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ၏ ထုတ်ပြန်ချက်တွင် CCCC နှင့်တကွ အခြားသော နိုင်ငံပိုင် လုပ်ငန်းများကို နယ်ချဲ့အစီအစဉ်တွင် လက်နက်ကိရိယာသဖွယ် အသုံးပြုနေခြင်းအား လုံးဝခွင့်ပြုမည်မဟုတ်ဟု တောင်တရုတ်ပင်လယ်ပြင်တွင် ကျွန်းအတု တည်ဆောက်နေခြင်းအား ရည်ညွှန်းပြောဆိုထားသည်။

Global Read 55 times