တရုတ်ပြည် မြို့ကြီးများတွင် အိုးအိမ်တိုက်ခန်း ဈေးကျ


22 October, 2021

တရုတ်နိုင်ငံ မြို့ကြီး အများစုတွင်စက်တင်ဘာလအတွင်း လူနေတိုက်ခန်းများ ဈေးကျဆင်းခဲ့ရာ ဩဂုတ်လဈေးနှုန်းများထက် ကျဆင်းခဲ့ပြီး ကျရိပ် ဆက်ရှိနေဆဲ ဖြစ်သည်။
အိမ်ရာတိုက်ခန်း ဆောက်လုပ်သော အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေး လုပ်ငန်းကြီးများ ကြွေးထူနေသည့်အပေါ် စိုးရိမ်ပူပန်မှုများ အိမ်ရာဈေးကွက်အတွင်း ဖြစ်ပေါ်နေသဖြင့် ဝယ်လိုအား တုန့်ဆိုင်းဆိုင်း ဖြစ်နေသည်။

 အမျိုးသား စာရင်းအင်းဌာနမှ နောက်ဆုံး ထုတ်ပြန်ချက်အရ တရုတ်မှ အကြီးမားဆုံး မြို့ကြီး ၇၀ တွင် ၃၆ မြို့တို့၌ အိုးအိမ်တိုက်ခန်းအသစ်များအတွက် ဈေးနှုန်းများ စက်တက်ဘာလအတွင်း ကျဆင်းခဲ့သည်။ ဩဂုတ်လအတွင်း ၁၆ မြို့မှာ ကျဆင်းခဲ့ပေရာ မြို့ပေါင်း နှစ်ဆယ်တွင် ဈေးနှုန်းကျဆင်းမှု ကူးစက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ခြွင်းချက်အနေဖြင့် ရှန်ဟိုင်း၊ ရှန်ကျန်းကဲ့သို့သော အလွန်ကြီးမားသည့် မြို့ကြီးများတွင် ဈေးနှုန်းများ မဆိုစလောက် မြင့်တက်ခဲ့သည်။ အဓိကမကျသော မြို့ကြီးများတွင် ဈေးနှုန်းများ သိသိသာသာ ကျဆင်းခဲ့သည်။ စက်တင်ဘာလအတွင်း ဩဂုတ်လထက် ၇.၅% အထိ ကျဆင်းသော မြို့များ ရှိနေသည်။
ဘီဂျင်းမြို့တော်တွင် ဈေးနှုန်းများ အတက်အကျ မရှိချေ။ 

ရောင်းအားပမာဏကို စုစုပေါင်းအရောင်းတန်ဖိုးအရ ကြည့်လျှင် ယခင်နှစ်ကထက် ၁၆.၉% ကျဆင်းသည်။ 

အိမ်ရာအဆောက်အဦကဏ္ဋ ရင်းနှီးမြှုပ်နှံမှုများ နှင့် ဆောက်လုပ်ရေး အသစ်စဆောက်ခါစ စီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံမှုများ စက်တက်ဘာလတွင် ကျဆင်းခဲ့သည်။ နောက်ထပ် ဆိုးဝါးသည့် အချက်မှာ ရောင်းမထွက်သေးသည့် အိုးအိမ်တိုက်ခန်း ပိုများလာနေခြင်း ဖြစ်သည်။

အိမ်ရာပိုင်ဆိုင်မှုနှင့် အိမ်ရာနှီးနွှယ် လုပ်ငန်းကဏ္ဍတို့ဟာ တရုတ်နိုင်ငံ၏ အကြီးမားဆုံး စီးပွားကဏ္ဍဖြစ်ပြီး အလုံးစုံ ထုတ်လုပ်မှုစုစုပေါင်း၏ ၂၄% ရှိပါသည်။

တိုင်းပြည်၏ ထိပ်တန်း ဆောက်လုပ်ဖွံ့ဖြိုးရေး လုပ်ငနါးစုကြီး ၃ ခုမှာ တစ်ခု ဖြစ်တဲ့ China Evergrande Group က ကန်ထရိုက်တာများ၊ ပစ္စည်းပေးသွင်းသူများ၊ ရင်းနီးမြှုပ်နှံသူများကို ပေးချေစရာများ ပေးချေဖို့ အချိန်လွန်နေပြီးညပျက်ကွက်နေသည့်အပြင် ဆောက်လက်စ စီမံကိန်းများ နိုင်ငံတလွှားမှာ ရပ်ထားရသည်။

အလားတူပင် Sinic Holdings (Group) သည်လည်း အမေရိကန် သန်း ၂၅၀ ပေးဆပ်ချိန် ပျော်လွန်နေပြီး ပေးဆပ်ရန် ပျက်ကွက်နေသည်။

ထိုသို့ ဆောက်လုပ်ဖွံ့ဖြိုးရေး လုပ်ငန်းစုကြီးများ နာမည်ပျက်နေခြင်းကြောင့် အိမ်ရာတိုက်ခန်းသစ်များ ဝယ်လိုအား တုန့်ဆိုင်းနေပြီး ကျရိပ်ဆက်ရှိနေစေမည် ဖြစ်သည်။

Real Estate & Properties Read 798 times