တရုတ် အိမ်ရာဝယ်လက်များ ထိုင်းကို ရွေးချယ်မှု လျော့ကျ


20 August, 2023

တရုတ် အိမ်ရာဝယ်လက်များ ထိုင်းကို ရွေးချယ်မှု လျော့ကျ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ထိုင်းနိုင်ငံသည် တရုတ်အိမ်ခြံမြေဝယ်ယူသူများရွေးချယ်ကြသည့် နိုင်ငံများတွင် ပဉ္စမနေရာသို့ ‌ကျဆင်းသွားသည်။
 
၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တို့တွင် တရုတ်အိမ်ခြံမြေဝယ်ယူသူများရွေးချယ်ကြသည့် နိုင်ငံများတွင် ထိုင်းနိုင်ငံသည် ထိပ်ဆုံး ပထမနေရာမှာ ရောက်ရှိနေခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် စတုတ္ထနေရာသို့ ရောက်ရှိသွားခဲ့သည်။ ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ပဉ္စမနေရာသို့ ကျဆင်းခဲ့ပြန်သည်။
  
တရုတ်ဈေးကွက်ကို ပစ်မှတ်ထားသော အိမ်ခြံမြေစျေးကွက်ရှာဖွေရေးကုမ္ပဏီ Juwai IQI Group တွဲဖက်တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Kashif Ansari က ယခင်က အိမ်ရာဝယ်ရန် အသုံးစရိတ် ပမာဏ နည်းသော တရုတ်ဝယ်လက်များအဖို့ ထိုင်းနိုင်ငံကို အဓိကအားဖြင့် ရွေးချယ်ခဲ့ကြသည်။ ယခုအခါ ထိုင်းနိုင်ငံသို့ လာရောက်ကြသော တရုတ်ခရီးသည်များတွင် အနည်းစုကသာ ထိုင်းမှာ အိမ်ရာဝယ်ယူကြသည်ဟု ပြောကြားသည်။

"ကပ်ရောဂါက တရုတ်ပြည်မှ ပြင်ပသို့ ခရီးသွားလာမှုအပေါ်  ဆိုးရွားစွာ သက်ရောက်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများ အများဆုံးဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံမှ တစ်နှစ်ထက် တစ်နှစ် ပိုများလာခဲ့ရာမှ ကိုဗစ်ကာလ ၂၀၂၀ ခုနှစ် အစောပိုင်းမှာ တရုတ်ခရီးသည်တွေ အလာရပ်သွားခဲ့ပါတယ်။ အခု ၂၀၂၃ ခုနှစ်မှာ အခြေအနေ ပြန်ကောင်းလာပါတယ်" ဟု ၎င်းက ပြောကြားသည်။

 ထိုင်း စတော့အိပ်ချိန်းစာရင်းဝင်  Noble Development မှ တွဲဖက်အမှုဆောင်အရာရှိချုပ် Thongchai Busrapan က ကွန်ဒိုတိုက်ခန်းဝယ်ယူသည့် တရုတ်ဖောက်သည်များသည် ကပ်ရောဂါမဖြစ်ပွားမီ စံချိန်တင်ထားသည့် အဆင့်ကို မမီသေးဟု ပြောကြားသည်။ သို့သော် အခြေအနေ ပြန်ကောင်းစ ပြုပြီဟု ၎င်းက ပြောကြားသည်။

"တရုတ်ဝယ်လက်များ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု လျော့နည်းနေတာဟာ ထိုင်းနိုင်ငံသို့ ပျံသန်းတဲ့ ခရီးစဉ် အရေအတွက် နည်းနေသေးတဲ့အပြင် လေယာဉ်လက်မှတ် ဈေးမြင့်နေလို့ ထိုင်းကို တရုတ်ခရီးသည်များ အလာနည်းနေတာနဲ့လည်း သက်ဆိုင်ပါတယ်"ဟု ၎င်းက ပြောကြားသည်။
"နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ ခက်ခဲတယ်လို့ တရုတ်ဖောက်သည် အတော်များများက ပြောကြတယ်" ဟု ၎င်းက ပြောကြားသည်။

၂၀၂၃  ခုနှစ် ပထမနှစ်ဝက်တွင် Noble ၏ တရုတ်ဝယ်လက်များထံသို့ ကွန်ဒိုတိုက်ခန်းရောင်းချမှုသည် နိုင်ငံခြားဝယ်လက်များသို့ ရောင်းချမှု စုစုပေါင်း၏ ၃၀% မျှသာ ရှိတော့သည်အထိ ကျဆင်းသွားသည်။ ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်တွင် ၅၀% ကျော် ရှိခဲ့သည်။

တရုတ်ပြည်မမှ တရုတ်ဝယ်လက်များထက် တိုင်ဝမ်မှ တရုတ်ဝယ်လက်များ ဝယ်ယူသည်က ပိုများနေသည်။ တိုင်ဝမ်မှ တရုတ်ဝယ်လက်များသည် Thong Lor, Nana နှင့် Rama IX ဧရိယာများကို ကြိုက်နှစ်သက်ကြသည်ဟု Mr Thongchai က ပြောကြားသည်။

Juwai IQI မှ Mr Ansari က "ယခုနှစ်မှာ တရုတ်ခရီးသည် အနည်းဆုံး ၅ သန်း ထိုင်းကို ဘာမယ်လို့ မျှော်မှန်းထားပါတယ်။ ကိုဗစ်မတိုင်ခင်က ၁၃ သန်းနီးပါး လာခဲ့ပါတယ်" ဟု ပြောကြားသည်။
အလာနည်းသွားသည့်အခါ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုလည်း နည်းသွားသည်ဟု ၎င်းက ပြောကြားသည်။

Juwai IQI ၏ အဆိုအရ ယခုနှစ်တွင် တရုတ်ဝယ်လက်များ အိမ်ခြံမြေဝယ်ယူမှုတွင် ထိပ်တန်း ၅ နိုင်ငံမှာ ဩစတြေးလျ၊ ကနေဒါ၊ ဗြိတိန်၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။

 

 

ထိပ်တန်း ၄ နိုင်ငံသည် အင်္ဂလိပ်စကားပြောသည့် နိုင်ငံများဖြစ်ပြီး ကမ္ဘာ့အဆင့် ပညာရေး ရှိသည့် နိုင်ငံများ ဖြစ်ပါသည်။

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Read 295 times