စင်ကာပူအိမ်ခြံမြေဈေးကွက်သို့ တရုတ်နိုင်ငံသားများ ပိုမိုဝင်ရောက်လာ


12 September, 2022

စင်ကာပူအိမ်ခြံမြေဈေးကွက်သို့ တရုတ်နိုင်ငံသားများ ပိုမိုဝင်ရောက်လာ


တရုတ်နို်ငံသားများသည် ရင်းနှီးမြုပ်နှံမှုများအတွက် 'နိုင်ငံရေးတည်ငြိမ်မှု ရှိနေခြင်း' နှင့် 'ကောင်းမွန်သောစည်းမျဥ်း' ပတ်ဝန်းကျင်ကို မျက်စိကျကြသဖြင့်  စင်ကာပူအိမ်ခြံမြေဈေးကွက်သို့ ဝင်ရောက်လာကြသည်။


၂၀၂၂နှစ် ဒုတိယသုံးလပတ်တွင် စင်ကာပူတွင် နေထိုင်သူမဟုတ်သော အိမ်ရာတိုက်ခန်း ၀ယ်ယူသူများတွင် တရုတ်နိုင်ငံသားများ ဦးရေအများဆုံးဖြစ်ခဲ့သည်။

 ဒေသတွင်းမှာ စင်ကာပူသည် တည်ငြိမ်မှု ပိုရှိသဖြင့် နိုင်ငံခြားသား အိမ်ရာပိုင်ဆိုင်မှုအပေါ် အခွန်စည်းကြပ်မှု များပြားသော်လည်း တရုတ်နိုင်ငံသားများက အိမ်ရာများ ဝယ်ယူခဲ့ကြသည်။

တရုတ်ပြည်မမှ တရုတ်နိုင်ငံသားများသည် အိမ်ရာတိုက်ခန်းနှင့် ကွန်ဒိုမီနီယံတိုက်ခန်း ၃၉၁ ခန်းကို စင်ကာပူတွင် ၂၀၂၂နှစ် ဒုတိယသုံးလပတ်တွင် ဝယ်ယူခဲ့ကြကြောင်း စင်ကာပူ အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ပလက်ဖောင်း OrangeTee & Tie မှ အချက်အလက်များအရ သိရသည်။ ၂၀၂၂ ပထမ ၃ လပတ်တွင် ၂၈၁ ခန်း ဝယ်ယူခဲ့သဖြင့် ဒုတိယသုံးလပတ်တွင် ၁၁၀ ခန်း ပိုများလာခဲ့ပါသည်။ သို့သော် ယခင်နှစ် ရေချိန်ကို မမီချေ။

ပြီးခဲ့သည့်နှစ် ဒုတိယသုံးလပတ်တွင် တရုတ်နိုင်ငံသားများ ဝယ်ယူမှု ၄၆၇ ခန်းဖြင့် စံချိန်တင်ခဲ့ပြီး နောက်ထပ် သုံးလပတ် နှစ်ခုဆက်တိုက် အခန်း ၄၀၀ ကျော် ဝယ်ယူခဲ့ကြပါသည်။

အသားတင်ဝင်ငွေမြင့်မားသည့် တရုတ်နိုင်ငံသားများသည် အိမ်ရာပိုင်ဆိုင်မှုကို ရင်းနှီးမြှုပ်နှံသည့် အနေဖြင့်လည်း ဝယ်ယူကြပြီး ထိုသူတို့ ဝယ်ယူသည့်အခါ များသောအားဖြင့် ဈေးနှုန်းအမြင့်ဆုံး အတန်းအစားမှ အိမ်ရာတိုက်ခန်းများကို ဝယ်ယူလေ့ရှိသည်ဟု OrangeTee & Tie မှ သုတေသနနှင့် လေ့လာဆန်ူစစ်မှုဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ Christine Sun က ပြောကြားသည်။
"သူတို့မှာ ထားစရာနေရာ မရှိတဲ့ ငွေတွေအတွက် ထားဖို့နေရာအတွက် းနှုန်းအမြင့်ဆုံး အတန်းအစားမှ အိမ်ရာတိုက်ခန်းများကို ဝယ်ယူကြတယ်" ဟု သူမက ပြောကြားသည်။

စင်ကာပူက နိုင်ငံရေး တည်ငြိမ်နေပြီး သဘာဝဘေးအန္တရာယ်တွေလည်း လွတ်ကင်းကြောင်း၊ အချို့တရုတ်နိုင်ငံသားများက စင်ကာပူသို့ ပြောင်းရွှေ့လာကြပြီး ဝယ်ယူထားသည့် အိမ်ရာတိုက်ခန်းများတွင် နေထိုင်ကာ စီးပွားရေး လုပ်ကိုင်ခြင်း၊ ပညာသင်ကြားခြင်းများ ပြုကြကြောင်း သူမက ပြောကြားသည်။
စင်ကာပူတွင် နေထိုင်သူ လူဦးရေ ၆ သန်းနီးပါးတွင် သုံးပုံတစ်ပုံခန့်သည် တရုတ်စကား မန်ဒါရင် ကို ပြောဆိုကြသဖြင့် ဘာသာစကားအတွက်လည်း အဆင်ပြေသည်။ 
စင်ကာပူတွင် နေထိုင်လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသားများတွင် မလေးရှားနိုင်ငံသားများသည် ဦးရေအများဆုံးဖြစ်ပြီး ပထမအများဆုံးဖြစ်သည်။ ဒုတိယအများဆုံးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ဦးရေ ၄၂၆,၀၀၀ ဝန်းကျင် ရှိသည်။

အိမ်ခြံမြေ နည်းပညာလုပ်ငန်း Juwai IQI က အရှေ့တောင်အာရှိရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် စင်ကာပူတွင် "စီးပွားရေး မသေချာ မရေရာခြင်း" နည်းပါးသည်ဟု ဆိုသည်။
Juwai IQI ပူးတွဲတည်ထောင်သူနှင့် စီအီးအို Kashif Ansari က ၎င်းကို "တည်ငြိမ်ပြီး ကောင်းမွန်စွာ စီမံခန့်ခွဲ ကြီးကြပ်ခြင်း" ရှိနေသည်ဟု ပြောကြားသည်။

"သူတို့က သူတို့ရဲ့ ကြွယ်ဝမှုကို အမျိုးမျိုး ခက်ဖြာပြီး ရင်းနှီးမြှုပ်နှံကြတယ်။  အဲဒီအတွက် ဒီမှာဝယ်တယ်၊  ဒီမှာ ငွေလဲနှုန်းက တည်ငြိမ်တယ်။
ပြည်တွင်းအသားတင်ထုတ်ကုန် ဂျီဒီပီ တိုးတက်မှုနှုန်း တည်ငြိမ်တယ်။ ဒီမှာ ဝယ်ထားတာအတွက် စိတ်ချရတယ်" ဟု အန်ဆာရီက ပြောကြားခဲ့သည်။

အချို့ တရုတ်နိုင်ငံသားတို့သည် စင်ကာပူကို အခြားနိုင်ငံများအတွက် "ဂိတ်ပေါက်" တစ်ခုအဖြစ် သုံးစွဲကြသည့်အတွက်ကြောင့်လည်း စင်ကာပူတွင် တစ်ထောက်နားရန် အိမ်ရာတိုက်ခန်း ဝယ်ထားကြသည်။ 


တရုတ်နိုင်ငံသားများသည် မြို့တော်နိုင်ငံ စင်ကာပူ၏ ဆင်ခြေဖုံးရပ်ကွက်များတွင် ဝယ်ယူပြီး ၎င်းတို့၏ အိမ်ခန်းများတွင် နေထိုင်ကြသည်မှာ ကြာပါပြီဟု Sun က ဆက်လက်ပြောသည်။

ကိုဗစ်ကြောင့် ခရီးသွားလာမှု ကန့်သတ်ထားသဖြင့် အိမ်ရာတိုက်ခန်းကို အွန်လိုင်းမှာ ဗီဒီယိုမှတ်တမ်းများ ကြည့်ပြီး ရွေးချယ်ဝယ်ယူခဲ့ကြသည်။
"စင်ကာပူနိုင်ငံမှာ ဧပြီလက Covid-19 ကန့်သတ်ချက်တွေကို ရုပ်သိမ်းလိုက်ကတည်းက ဈေးဝယ်သူတွေဟာ အိမ်ခန်းတွေကို လူကိုယ်တိုင် ပြန်ကြည့်နိုင်ခဲ့တယ်"လို့ သူမက ပြောပါတယ်။

ပြီးခဲ့သောနှစ်တွင် ဆောက်လုပ်ခဲ့သော အဆင့်အမြင့်ဆုံး အိမ်ရာတိုက်ခန်းများ စုစုပေါင်းအိမ်ခန်းပေါင်း ၁.၂ သန်းခန့် ဆောက်လုပ်ပြီးစီးထားသဖြင့် ပြည်ပဝယ်လက်များ စိတ်ကြိုက်ရွေးစရာများ ရှိနေစေသည်ဟု Sun က ဆိုသည်။ အဆိုပါ အဆင့် အမြင့်တန်း အိမ်ရာတိုက်ခန်းများသည် တစ်ခန်းလျှင် ဒေါ်လာ ၃ သန်းအထိ ဈေးမြင့်သည်။
 
တရုတ်ဝယ်လက် ထက်ဝက်ခန့်သည် ၎င်းတို့၏ တိုက်ခန်းများတွင် နေထိုင်ကြပြီး ကျန်သည့်သူများသည် ရင်းနှီးမြုပ်နှံမှုအဖြစ် ဝယ်ထားပြီး လူမနေချေ။ အချို့က အိမ်းငှားချထားကြကြောင်း Sun က ပြောကြားသည်။

စင်ကာပူတွင် ပြည်ပမှ အိမ်ရာတိုက်ခန်း ဝယ်ယူသူများသည် စျေးနှုန်းသက်သာသည့် အားသာချက်ကို မရရှိကြချေ။ ထို့ပြင် တံဆိပ်ခေါင်းခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပါသည်။
 လူဝင်မှုကြီးကြပ်ရေးဌာနမှ အတည်ပြုချက် ရယူရန်လည်း လိုအပ်သည်။

ပြီးခဲ့သော သုံးလပတ်တွင်  နိုင်ငံခြားသားဝယ်လက်များထံ ရောင်းချသည့် အိမ်ရာတိုက်ခန်းများ ၁,၁၇၂ ခန်း ရှိပြီး ယခုနှစ်ပထမသုံးလပတ်တွင် ၈၇၃ ခန်း ရှိပါသည်။
ပြီးခဲ့သော သုံးလပတ်တွင် မလေးရှားနိုင်ငံသား ဝယ်လက်များသို့ ၂၁၈ ခန်း၊ အိန္ဒိယနိုင်ငံသား ဝယ်လက်များသို့ ၁၂၃ ခန်း ရောင်းချခဲ့ပါသည်။

Source  South China Morning Post
#MyanmarBuilderGuide 
 Telegram Channel  https://t.me/Guid4U

Region Real Estate & Properties Read 474 times