တရုတ်နိုင်ငံ၏ အရှည်လျားဆုံး ရေအောက်  ဥမင်အဝေးပြေးလမ်း ဖွင့်လှစ်


08 January, 2022

တရုတ်နိုင်ငံ၏ အရှည်လျားဆုံး ရေအောက်  ဥမင်အဝေးပြေးလမ်း ဖွင့်လှစ်

၄ နှစ်နီးပါး ဆောက်လုပ်ခဲ့သော တရုတ်နိုင်ငံ၏ အရှည်လျားဆုံး ရေအောက်  ဥမင်လိုဏ်ခေါင်း အဝေးပြေးလမ်းကို မော်တော်ယာဉ်များ အသုံးပြုရန် ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်သည်။


အလျား ၁၀.၇၉ ကီလိုမီတာ ( ၆.၆၅ မိုင်) ရှိသည့် တိုင်ဟူဥမင် Taihu tunnel သည် တရုတ်ပြည် အရှေ့ပိုင်း ကျန်းစုပြည်နယ်ရှိ တိုင်ဟူရေကန် အောက်တွင် ဖောက်လုပ်ထားသည်။ ရန်ဟိုင်းမြို့ အရှေ့ဘက် ၅၀ ကီလိုမီတာတွင် တည်ရှိသည့် ရေကန်ကြီး ဖြစ်သည်။

ဥမင်လမ်း ကုန်ကျစရိတ်မှာ ယွမ် ၉.၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၁.၅၆ ဘီလျံ) ဖြစ်သည်။
၂၀၁၈ ဇန်နဝါရီလ ၉ ရက်တွင် ဆောက်လုပ်ရေး စတင်ခဲ့ပါသည်။

ကွန်ကရိ ကုဗမီတာ ၂ သန်း သုံးစွဲခဲ့သည်။ အသွားအပြန် နှစ်လမ်းသွားဖြစ်ပြီး စုစုပေါင်း ယာဉ်ကြော ၆ ခုပါသည့် အမြန်လမ်းမကြီး ဖြစ်သည်။ စုစုပေါင်းအကျယ် ၁၇.၄၅ မီတာ ရှိသည်။
မျက်နှာကြက်တွင် ရောင်စုံ LED မီးများ ထွန်းပေးထားပြီး ယာဉ်မောင်းငြီးငွေ့ရာမှ အိပ်ငိုက်ခြင်းကို ကာကွယ်ပေးထားသည်။


ဥမင်လမ်းသည် ၄၃.၉ ကီလိုမီတာ ရှည်လျားသည့် ချန်ူကျို-ဝူစီ အမြန်လမ်းမကြီး၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ၎င်း အမြန်လမ်းမကြီးကို ၂၀၂၁ ဒီဇင်ဘာလ ၃၀ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
ကျန်းစုပြည်နယ်၏ မြို့တော် နန်ကျင်းနှင့် ရှန်ဟိုင်းမြို့တို့အကြား ဆက်သွယ်ပေးသည့် အဝေးပြေးလမ်းမကြီး ဖြစ်သည်။

 

ရေအောက်ဥမင် အဝေးပြေးလမ်းမများ

Tokyo Bay Aqua-Line ရေအောက် ဥမင်အဝေးပြေးလမ်းသည် တိုကျိုပင်လယ်အော် အောက်တွင် ဖောက်လုပ်ထားပြီး အရှည် ၉.၆ ကီလိုမီတာ ရှိသည်။

Channel Tunnel သည် ပြင်သစ်နှင့် အင်္ဂလန် နှစ်နိုင်ငံအကြားရှိ ရေလက်ကြားအောက်တွင် ဖောက်လုပ်ထားသည်။ ရထားလမ်းဖြစ်ပြီး ရေအောက်ရောက်နေသည့်အပိုင်းသည် ၃၇.၉ ကီလိုမီတာ အရှည်ရှိသည်။ ကမ္ဘာ့အရှည်ဆုံး ရေအောက်ဥမင် ဖြစ်ပါသည်။

 

မည်သို့မည်ပုံ ဆောက်လုပ်ခဲ့သည်ကို ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။ 


Global Infrastructure and Zones Read 437 times