တရုတ်ရဲ့ ဧရာမလေဆိပ်သစ်ကြီး


01 August, 2019

ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျခံတည်ဆောက်ထားတဲ့ အလွန်ကြီးမားတဲ့ starfish ကြယ်ငါးပုံစံတူ ဧရာမ Beijing လေဆိပ်သစ်ကြီးကို ယခုနှစ် စက်တင်ဘာမှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

 နိုင်ငံမှာ တိုးပွားလာနေတဲ့ လေကြောင်းခရီးသွားတွေကို ဧည့်ခံကြိုဆိုပေးနိုင်မယ့် ယင်းမီဂါလေဆိပ်သစ်ကြီး ဖွင့်လှစ်မှုကိုတော့ တရုတ်ကွန်မြူနစ်အစိုးရအာဏာရရှိမှု နှစ်၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်မှာဖြစ်ပါတယ်။

 အလွန်ကြီးမားလှတဲ့ Beijing Daxing နိုင်ငံတကာလေဆိပ်ကြီး တည်ဆောက်မှုလုပ်ငန်းတွေဟာ မူလစီစဉ်ထားတဲ့အတိုင်း ဇွန်လ ၃၀ မှာ တရားဝင် ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့် စက်တင်ဘာ ၃၀ မှာဖွင့်ပွဲဖွင့်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။

 Tiannanmen ရင်ပြင်ရဲ့ တောင်ဘက် ၄၆ ကီလိုမီတာအကွာမှာ ရှိတဲ့ ယင်းပေကျင်းလေဆိပ်သစ်ကြီးကတော့ လာမယ့် ၂၀၂၅ မှာ အပြည့်အ၀ လည်ပတ်အသုံးပြုနိုင်တော့မှာဖြစ်ပြီး တစ်နှစ်လျင် ခရီးသည် ၇၂ သန်းကို လက်ခံနိုင်မယ်လို့ သိရပြီး ကမ္ဘာ့အစည်ကားဆုံးလေဆိပ်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

 ၂၀၄၀ မတိုင်ခင် လေဆိပ်မှာ လေယာဉ်ပြေးလမ်း ရှစ်လမ်းအထိ ထပ်မံတိုးချဲ့မှုတွေ လုပ်ဆောင်ဖို့ရှိနေပြီး ယင်းအချိန်ကျရင် တစ်နှစ်ကို ခရီးသည် သန်း ၁၀၀ အထိ ကြိုဆိုလက်ခံနိုင်မယ်လို့ သိရပါတယ်။

Global Read 36 times