စက်တင်ဘာလတွင် တရုတ်နိုင်ငံ အိမ်ရာတိုက်ခန်း ဈေးနှုန်းများ လျော့ကျ


26 October, 2022

စက်တင်ဘာလတွင် တရုတ်နိုင်ငံ အိမ်ရာတိုက်ခန်း ဈေးနှုန်းများ လျော့ကျ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U



စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ အကြီးစားနှင့် အလတ်စားမြို့ ၇၀ မှ အိမ်ဈေးများ လျော့ကျနေပြီး အိမ်ဈေးကျသည့် မြို့အရေအတွက် ပိုများလာနေကြောင်း ဆင်ဟွာသတင်းဌာနက အမျိုးသားစာရင်းအင်းဗျူရို National Bureau of Statistics (NBS)မှ အချက်အလက်များကို ကိုးကား၍ သတင်းဖော်ပြသည်။

စက်တင်ဘာလတွင် မြို့ပေါင်း ၇၀ မှ ၅၄ မြို့တွင် အိမ်သစ်ရောင်းဈေးများ တစ်လထက်တစ်လ ကျဆင်းသွားသည်ကို တွေ့ခဲ့ရသည်။ ဩဂုတ်လတွင် မြို့ ၅၀ တွင်သာ တွေ့ခဲ့သဖြင့် စက်တက်ဘာလတွင် ၄ မြို့ တိုးလာသည်။

စုစုပေါင်းမြို့ပေါင်း ၆၁ မြို့တွင် ပြန်လည်ရောင်းချသည့် အိမ်အဟောင်း ဈေးနှုန်းများ ကျဆင်းခဲ့သည်။

တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် နှေးကွေးနေပြီး စတုတ္ထသုံးလပတ်တွင် တည်ငြိမ်ရန် မျှော်လင့်ထားသော်လည်း ‌ဈေးနှုန်းများမှာ အနိမ့်ဆုံးအဆင့်တွင် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း အိမ်ခြံမြေအေဂျင်စီ Centaline မှ ခွဲခြမ်းစိတ်ဖြာသူ Zhang Dawei က ပြောကြားသည်။
အိမ်ခြံမြေဈေးကွက်သည် စီးပွားရေး ရှေ့အလားအလာအပေါ် ယုံကြည်မှု ကျဆင်းသွားခြင်းကြောင့် ထိခိုက်ခဲ့ပြီး developer များ ငွေမလည်ပတ်နိုင်သဖြင့် ဆောက်လက်စတန်းလန်း အိမ်ရာတိုက်တာ စီမံကိန်းများကို ရက်အကန့်အသတ်မရှိ ရပ်ထားခြင်းကြောင့်လည်း ထိခိုက်နေကြောင်း Zhang က ပြောကြားသည်။
Source xinhua

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Real Estate & Properties Read 258 times