ဧက ၃ဝဝ ကျော်ရှိမည့် မြို့ပြစီမံကိန်းသစ်တစ်ခု ဖော်ဆောင်ရန် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမည်ဟုဆို


09 November, 2020

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော်စီမံကိန်းတွင် ဧက ၃ဝဝ ကျော်ရှိမည့် မြို့ပြစီမံကိန်းသစ်တစ်ခုကို တရုတ်နိုင်ငံမှ

ကန်ဒေါ်လာသန်း ၃၉ဝ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မန ္တလေးမြို့သာ စက်မှုဥယျာဉ် မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက် (MMID)ဥက္ကဋ္ဌ မှ ပြောကြားကြောင်းသိရသည်။

မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း ဧက ၂၆၆ဝ ရှိသော မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းကို ဖော်ဆောင်နေသည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းအတွင်း မြို့ပြစီမံကိန်းသစ်တစ်ခုထပ်မံဖော်ဆောင်ရန် တရုတ်နိုင်ငံ ပေါင်ချန်ပြည်နယ်ရှိ ကုမ္ပဏီတစ်ခုမှ ကန် ဒေါ်လာ ၃၉ဝ ရင်းနှီးမြှုပ်နှံပြီး ၂ဝ၁၈မတိုင်မီ စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ရက်နေ့က တရုတ်မှ ရင်းနှီးမြှုပ်နှံရန်လာခဲ့ကြောင်း သုံးနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ထိုနေရာတွင် မြို့ပြအိမ်ရာသစ်တစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ယင်း ဧက ၃ဝဝ ကျော်ရှိသည့် မြို့ပြစီမံကိန်းတွင် ဧက ၅ဝကို ပထမအကြိမ် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး သုံးနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထိုမြို့ပြ စီမံကိန်းအတွင်းတွင် လူနေအိမ်၊စက်ရုံ၊ အလုပ်ရုံ၊ဝန်ထမ်းအိမ်ရာစသည်တို့ပါရှိမည်ဖြစ်ကြောင်း သိရသည်။

မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းကို ၂ဝ၁၄မှ စတင်ကာ မန ္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ရရှိလာသည့် အကျိုးအမြတ်များကို အစိုးရအဖွဲ့မှ ၂ဝရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိစီမံကိန်းအတွင်း ပြည်တွင်း ပြည်ပ ကုမ္ပဏီများမှ နေရာငှားရမ်း၍လာရောက်ရင်းနှီးမြှုပ်နှံနေပြီး ဟောင်ကောင်အထပ်သားစက်ရုံ၊အင်ဒိုနီးရှား Japfa၊တိရစ္ဆာန်အစာစပ်စက်ရုံ၊

China စားသောက်ကုန်စက်ရုံ၊ China စားသောက်ကုန်စက်ရုံ၊Thai Cement Product စက်ရုံ၊ပြည်တွင်း Asia Speed Concrete Block စက်ရုံများ၊Shophouse များ စသည်တို့လည်ပတ်နေပြီ ဖြစ်ကြောင်း သိရသည်။

ထို ဥယျာဉ်မြို့တော်အတွင်း တည်ဆောက်နေသည့် ဧက ၃၈ဝ ရှိသော ဂေါက်ကွင်းကို လာမည့် ဒီဇင်ဘာတွင် ဖွင့်လှစ်ပြီး နောက်ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဂေါက်ကွင်းသည် ဧက ၃၈ဝ ကျယ်ဝန်းပြီး ကျင်းပေါင်း ၁၈ကျင်း ရှိပြီး နိုင်ငံတကာမှ လာရောက်ကစားနိုင်ရန် အဆင့်မီ၍အာရှတွင် အဆင့်(၅)အထက်ရှိကြောင်း သိရသည်။

7day daily

Mixed Use and Urban Read 37 times