ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက် ဒေသဖွံ့ဖြိုး ရေးအတွက် ကန်ဒေါ်လာ ၂၇ သန်းကျော်လှူဒါန်းထား


20 January, 2020

မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသများ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော်လှူဒါန်းခဲ့ကြောင်း မြန်မာ-တရုတ် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Li Zilin က ပြော သည်။

ဇန်နဝါရီ ၁၃ ရက်က ကျင်းပခဲ့သည့် စီမံကိန်း၏ လူမှုရေးတာဝန်ယူမှုဆိုင်ရာ အစီရင်ခံစာမိတ်ဆက်ပွဲ အခမ်းအနားတွင် မစ္စတာ Li Zilinက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကုမ္ပဏီအနေနဲ့ လူမှုရေးတာဝန်ယူမှုဆိုင်ရာလုပ်ငန်းတွေကို အစဉ်အမြဲလုပ်ကိုင်ဆောင် ရွက်လျက် ရှိပါတယ်။ တည်ဆဲဥပဒေတွေနဲ့အညီ စီမံကိန်းကြီးကို စီမံခန့်ခွဲပြီး မြန်မာနိုင်ငံ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် လူမှုရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာလုပ်ငန်းတွေကို အားသွန်ခွန်စိုက်ဆောင် ရွက်လျက်ရှိပါတယ်။

ဒါကလည်း မြန်မာနဲ့တရုတ်နှစ်နိုင်ငံကြားချစ်ကြည်ရေး ပေါင်းကူးတံတားတစ်စင်း တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်"ဟု မစ္စတာ Li Zilin က ပြော သည်။

စီမံကိန်းသည် MOGE၊ CNPC၊ POSCO International စသည့် မိတ်ဖက်ကုမ္ပဏီတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး နိုင်ငံတကာစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းကြီးတစ်ခုဖြစ်သည်။

အဆိုပါလှူဒါန်းမှုကို ဒေသဆိုင်ရာပညာရေးနှင့် နေထိုင်မှုဘဝတို့ မြှင့်တင်စေရန် ရည်ရွယ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပညာရေး၊ လမ်းပြုပြင်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ကျန်းမာရေး၊ ရေပေးဝေရေး၊ ဆက်သွယ်ရေး အစရှိသည့် အခြေခံအဆောက်အအုံ ဆိုင်ရာလုပ်ငန်း ပေါင်း ၂၁၆ ခုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာကျောင်းသား သုံးသောင်း ကျော်တို့မှာလည်း မူလထက်ပိုမိုကောင်းမွန်သည့် စာသင်ကျောင်း များတွင် ပညာသင်ယူနိုင်လာခဲ့ကာ ဒေသခံပြည်သူလူထု ကိုးသိန်းကျော်တို့ ပိုမိုအဆင်ပြေကောင်း မွန်သည့် ကျန်းမာရေးဆိုင်ရာဝန် ဆောင်မှုများကို ရရှိလာခဲ့ပြီး ကျေးရွာအများစု၂၄ နာရီလျှပ်စစ်မီး နှင့်ရေကောင်းရေသန့်များ ရရှိလာခဲ့ကြောင်း သိရသည်။

Region Read 101 times