တရုတ်နိုင်ငံ၏အကြီးဆုံး သဲကန္တာရတွင် တတိယမြောက် အ ဝေးပြေးလမ်းမကြီးလုပ်ငန်းပြန်စတင်


01 March, 2020

တရုတ်နိုင်ငံ၏အကြီးဆုံးသဲကန္တာရဖြစ်သော Taklimakan ကို ဖြတ်၍ ဖောက်သော တတိယအဝေးပြေးလမ်းမကြီးပေါ်တွင် လုပ်ငန်း ပြန်စတင်သည်။ တရုတ်ပြည်အနောက်မြောက်ပိုင်း Xinjiang Uygur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် COVID-19 ဖြစ်ပွားခြင်းသည်  ပြန်လည်ဆုတ်ခွာသွားသောအခါဆောက်လုပ်ရေးလုပ်ငန်းကို ပြန်လည်စတင်ရန် ခွင့်ပြုခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးသဲကန္တာရကို ဖြတ်ပြီး ၃၃၃ ကီလိုမီတာရှည်သော အဝေးပြေးလမ်းမကြီးသည် Taklimakan တောင်ဘက်စွန်းရှိ Qiemo ခရိုင် နှင့် မြောက်ဘက် Yuli ခရိုင် တို့နှင့်ဆက်သွယ်လိမ့်မည်။ 

 

 

တရုတ်နိုင်ငံ၏ အကြီးဆုံး သဲကန္တာရကြီးတစ်ခုဖြစ်သည့် Taklimakan သဲကန္တာရကြီးကိုဖြတ်သန်း ဖောက်လုပ်မည့် Yuli-Qiemo တတိယမြောက်အဝေးပြေးလမ်းမကြီး တည်ဆောက်ရေးစီမံကိန်း၏  ရှင်းကျန်းဒေသအပိုင်းကို ဧပြီနှောင်းပိုင်းက ပြန်လည်စတင်ခဲ့သည်။ သဲကန္တာရအတွင်းရှိ မီတာ ၇၀ ခန့်အထူ ရှိသည့်သဲထုကြီးများကိုအလုပ်သမားပေါင်း၂၀၀ ကျော်က ခက်ခဲစွာဖယ်ရှား ကာ အဝေးပြေးလမ်းကို တည်ဆောက်

 

နေခြင်းဖြစ်သည်။ အဝေးပြေးလမ်းတစ်ခုလုံးကိုတည်ဆောက်ရန် သဲထုထည် ကုဗမီတာပေါင်း ၁.၂ သန်း ကိုဖယ်ရှားရမည်ဖြစ်ကြောင်းသိရသည်။

အဝေးပြေးလမ်းမကြီးတည်ဆောက်ရေးဋ္ဌာနမှ ဒုတိယမန်နေဂျာ ရန်ဟိုင်းဆိုသူက “သဲထုထည် ကုဗမီတာပေါင်း ၁.၂ သန်း ကိုဖယ်ရှားဖို့ဆိုရင် တန် ၄၀ ဆန့် ထရပ်ကားနဲ့ အကြိမ် ၄၂ ,၀၀၀လောက် သွားလိုက်ပြန်လိုက်နဲ့ သဲတွေကို သယ်ထုတ်သွားရမယ့်သဘောပါပဲ။ ဒါက အဝေးပြေးလမ်းတည်ဆောက်ရေးအပိုင်းမှာ အခက်ခဲဆုံးအပိုင်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဧပြီ ၆ ရက်ကတည်းက လုပ်ငန်းတွေပြန်စနေတာပါ၊ တံတားတွေ၊ လမ်း ဘောင်တွေ၊ လမ်းမြေသား အတားအဆီးတွေ ရှင်းလင်းတဲ့ စီမံကိန်းရဲ့ ၇၅ ရာခိုင်နှုန်းလောက်တော့ ပြီးစီးနေပါပြီ။ “ ဟုဆိုသည်။ 

အရှည်အားဖြင့် စုစုပေါင်း ၃၃၀ ကီလိုမီတာရှိသည့် အဝေးပြေးလမ်းကို ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်အသုံးပြုနိုင်ရန် လျာထားကြောင်းသိရသည်။

 

 

 

ပထမဆုံးအဝေးပြေးလမ်းမကြီးသည် Taklamakan ကို ဖြတ်၍ Lunnan မှ Minfeng ခရိုင်အထိ မြောက်မှတောင်သို့ ၅၂၂ ကီလိုမီတာရှည်လျားပြီး  ၁၉၉၅ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။ ကမ္ဘာ့အရှည်ဆုံး သဲကန္တာရအဝေးပြေးလမ်းဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် အရေးပါသော အဝေးပြေးလမ်းဖြစ်သည်။

 

 

၄၂၄ ကီလိုမီတာရှည်သော ဒုတိယအဝေးပြေးလမ်းမကြီးသည် ၂၀၀၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ သယံဇာတပေါကြွယ်ဝပြီးလူ ဦး ရေထူထပ်သေ ာရှန်ကျန်းတောင်ပိုင်းရှိ ဟော့တန်မြို့နှင့်သဲကန္တာရမြောက်ပိုင်းအစွန်းပိုင်းတွင် ဖွံ့ဖြိုးမှုနိမ့်သောမြို့သစ်နှင့် ချိတ်ဆက်ထားသည်။

Global Read 219 times