တရုတ်-ဟောင်ကောင်ကုမ္ပဏီ V-Power ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေ


01 January, 2020

နိုင်ငံအတွင်း သဘာ၀ ဓာတ်ငွေ့ရည် (LNG)စီမံကိန်းကို တင်ဒါ အောင်မြင်ပြီးနောက် တရုတ်-ဟောင်ကောင်ကုမ္ပဏီ V-Power သည် ထားဝယ်အ ထူးစီးပွားရေးဇုန်တွင် အလားတူ စီမံကိန်းကို ရင်းနှီးမြှုပ်နှံရန် စီစဉ် နေကြောင်း ယင်းအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ပြောသည်။

 

ထားဝယ် အထူးစီးပွားရေး ဇုန်တည်ဆောက်ရေး ပထမအ ဆင့်တွင် စီမံကိန်းကိုးခုအနက် LNG စီမံကိန်းကို ရင်းနှီးမြှုပ်နှံရန် တရုတ်အမျိုးသား နည်းပညာ သွင်းကုန်၊ ထုတ်ကုန်ကော်ပိုရေးရှင်းနှင့် V-Power ကုမ္ပဏီတို့ အောက်တိုဘာ ၂၃ ရက်က လာ ရောက်စုံစမ်းခဲ့သည်ဟု ၎င်းကဆို သည်။

 

‘‘ဇုန်အခြေအနေဘယ်လိုရှိ လဲ။ သူတို့က စီမံကိန်းကို လေ့ လာချင်တယ်ပြောတယ်။ ဇုန်ထဲ မှာ LNG စီမံကိန်းပါတယ်။ ဆိပ် ကမ်းကို စိတ်ဝင်စားတယ်။ ထား ဝယ်မှာ ဘာမှမရှိတော့ လေ့လာချင်တယ်ပြောတယ်’’ ဟု ဒေါက် တာမြင့်ဆန်းက ပြောသည်။

 


ဟောင်ကောင်အခြေစိုက် V-Power ကုမ္ပဏီသည် မြန်မာ အစိုးရ၏ နွေရာသီမီးမပြတ်စေ ရေး ဆောင်ရွက်နေသည့် ဓာတ် အားပေးစီမံကိန်းငါးခုတွင် လေးခု တင်ဒါအောင်မြင်ထားသည်။

 

 

LNG စီမံကိန်းသုံးခုဖြစ်သည့် မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်မည့် ကျောက်ဖြူစီမံကိန်း၊ မဂ္ဂါဝပ် ၃၅၀ ထုတ်လုပ်မည့်သန်လျင်ရှိ စီမံကိန်းနှင့် မဂ္ဂါဝပ် ၄၀၀ ထုတ် လုပ်မည့်သာကေတစီမံကိန်းတို့ကို V-Power နှင့် တရုတ်အမျိုး သားနည်းပညာသွင်းကုန်၊ ထုတ် ကုန်ကော်ပိုရေးရှင်း (China Technical Import & Export Corporation) တို့ ပူးပေါင်းတင်ဒါ အောင်မြင်ခဲ့သည်။

 

 

ထားဝယ်အထူးစီးပွားရေး ဇုန်ကို ၂၀၀၈ တွင် စတင်ပြီး မြေ ဧရိယာတစ်ခုလုံးကို အီတာလျံ- ထိုင်းကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ သော်လည်း လုပ်ငန်းလုပ်ကိုင်နိုင် ခြင်းမရှိ၍ ကုမ္ပဏီနှင့် မြန်မာအစိုးရကြားညှိနှိုင်းကာ ၂၀၁၅ ၌ ဧက ၆,၆၀၀ သာပေးရန် မြန်မာ အစိုးရက ဆုံးဖြတ်ခဲ့သည်။ လက် ရှိတွင် အထူးစီးပွားရေးဇုန်စီမံ ကိန်း စတင်နိုင်ရန် ထိုင်းနယ်စပ်မှ အထူးစီးပွားရေးဇုန်သို့ သွားသည့် နှစ်လမ်းသွားလမ်းမကို အီတာ လျံ-ထိုင်းကုမ္ပဏီအား ဖော် ဆောင်ခွင့်ပေးထားသည်။

 

 

ဘဏ္ဍာရေးအခက်အခဲ ကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့သည့် ထားဝယ် အထူးစီးပွားရေးဇုန်ကို ၂၀၁၅ ဇူလိုင်တွင် စီမံကိန်း ပြန် လည်စတင်ရန် မြန်မာ-ထိုင်း- ဂျပန် သုံးနိုင်ငံအစိုးရချင်း ဆွေး နွေးပြီးဂျပန်အစိုးရက စီးပွားရေး ဇုန်အပါအဝင် ထားဝယ်ဒေသ ဖွံ့ဖြိုးရေး ဒေါ်လာသန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူခဲ့ သည်။

Global Factory and Industrial Plant Read 57 times