China Evergrande က ဆောက်လုပ်ရေးစီမံကိန်း ၆၃ ခုကို ပြန်စ


21 November, 2021

ကြွေးနွံနစ်နေတဲ့ အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းစုကြီး China Evergrande  က ရပ်ဆိုင်းထားတဲ့ ဆောက်လုပ်ရေး စီမံကိန်းများမှာ စီမံကိန်း ၆၃ ခုကို ဆောက်လုပ်ရေး လုပ်ငန်း ပြန်စကြောင်း ထုတ်ပြန်ကြေညာပါတယ်။ ပုလဲမြစ် မြစ်ဝကျွန်းပေါ် တောင်ပိုင်းမှာ လုပ်ကိုင်နေတဲ့ စီမံကိန်းများ ဖြစ်ပါတယ်။ 

ကွမ်ကျိုး၊ ဖိုရှန်း၊ ချင်ယွမ်၊ ယန်းကျန်းနဲ့ ကျိုကျင်းတို့မှာ လုပ်ကိုင်နေတဲ့ စီမံကိန်း လုပ်ငန်းခွင် ၁၅ ခုမှ စီံမံကိန်းများဖြစ်ပြီး တစ်ပြိုင်တည်း ပြန်လည်စတင်ခဲ့တယ်လို့ လက်အောက်ခံ ဆောက်လုပ်ရေးလုပ်ငန်းများက ဆိုရှယ်မီဒီယာအက်ပ် WeChat မှာ အသိပေးထားကြပါတယ်။

အခက်အခဲများကို ကျော်လွှားပြီး အရှိန်တင် လုပ်ဆောင်သွားမယ်လို့ ကုမ္ပဏီက အသိပေးထားပါတယ်။ စီံမံကိန်းများကို အချိန်မီ ပြီးစီးအောင် ဆောက်လုပ်သွားမှာ ဖြစ်ပြီး အရည်အသွေး စံချိန်စံညွှန်းများနဲ့အညီ ဆောက်လုပ်သွားမှာ ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။ 


တရုတ်ပြည်ရဲ့ အိုးအိမ်အရောင်းဝန်ဆောင်မှု လုပ်ငန်းတွေထဲမှာ တတိယအကြီးမားဆုံး လုပ်ငန်း China Vanke က ၎င်း ရဲ့ ဝန်ထမ်းတွေကို ဩဝါဒစကား ပြောကြားခဲ့တာမှာ အိမ်ရာအဆောက်အအုံ ဖွံ့ဖြိုးရေး ရွှေခေတ် ကုန်လွန်ခဲ့ပြီ။ အသုံးစရိတ်အမျိုးမျိုး ချွေတာကြဖို့ ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီ အလုပ်ကိစ္စဖြင့် ခရီးသွားတဲ့အခါ အသက်သာဆုံး ဖြစ်အောင် စီစဉ်ဖို့ ၊ လက်ဆောင်ပေးတာတွေ စစ်စီဖို့၊ ဧည့်ခံကျွေးမွေးတာတွေလည်း လျှော့ချဖို့ ညွှန်ကြားထားပါတယ်။ အနေအထိုင် ရိုးရိုးကုပ်ကုပ်၊ အသုံးအစွဲ ချွေချွေတာတာဖြင့် ကြီးကြီးမားမား လုပ်ကိုင်ကြရမယ်လို့ ဩဝါဒ ပေးထားပါတယ်။

တရုတ်နိုင်ငံ ဆောက်လုပ်ရေူကဏ္ဍမှာ လုပ်ငန်းတွေ ငွေမလည်ကြလို့ ပိုင်ဆိုင်မှုတွေ ထုခွဲရောင်းချပြီး ဖြေရှင်းနေကြရပါတယ်။ 


Reuters

Global Read 419 times