တရုတ်နိုင်ငံက ထောက်ပံ့ပေးထားသောအဖွဲ့သည် ဖိလစ်ပိုင်လေဆိပ်စီမံကိန်းတွင် ဒေါ်လာ ၁၀ ဘီလျံအရှုံးပေါ်


28 January, 2021

တရုတ်နိုင်ငံက ထောက်ပံ့ပေးထားသောအဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံတွင်ဒေါ်လာ ၁၀ ဘီလျံတန် လေဆိပ်စီမံကိန်းတည်ဆောက်ခွင့်ကို ဆုံးရှုံးခဲ့ရသည်ဟု ဖိလစ်ပိုင်ပြည်တွင်းလုပ်ဖော်ကိုင်ဖက်အဖွဲ့က ဇန်နဝါရီ ၂၇ ရက်က ပြော‌ကြားခဲ့သည်။  

Cavite ပြည်နယ်အစိုးရသည်   လွန်ခဲ့သည့်နှစ်က ပေးအပ်ခဲ့သည့် ကန်ထရိုက်ကို ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံပိုင် လုပ်ငန်းကြီးဖြစ်သော  China Communication Construction Co. (CCCC) ၏ မိတ်ဖက် MacroAsia ကဆိုသည်။

အဆိုပါလေဆိပ်သည် ၂၀၁၆ ခုနှစ်တွင် သမ္မတ ဒူတာတေးက တရုတ်နိုင်ငံကို စီးပွားဖက်အဖြစ် သတ်မှတ်ကာ ဖိလစ်ပိုင်နိုင်ငံရှိ အခြေခံအဆောက်အအုံ စီမံကိန်းများအား တရုတ်ကုမ္ပဏီများကို ကန်ထရိုက် ပေးအပ်ခဲ့သည်တို့တွင် အမြင့်မားဆုံး ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်သည်။

အမေရိကန်အစိုးရ၏ တောင်တရုတ်ပင်လယ်အတွင်း ပြန်လည်ပြုပြင်ရေး စီမံကိန်းများတွင် CCCC သည် နာမည်ပျက်စာရင်းသွင်းခံရသည်အပြင် ဖိလစ်ပိုင်အစိုးရနှင့် တရုတ်အစိုးရတို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေစဉ် ၎င်း၏ လေဆိပ်တည်ဆောက်ရေး ကန်ထရိုက်ကို CCCC ကိုပေးအပ်ရန် သမ္မတဒူတာတေး၏ ကျောထောက်နောက်ခံကို ရရှိခဲ့သည်။

Sangley Point အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် ဖိလစ်ပိုင်မြို့တော်တောင်ဘက်တွင်တည်ရှိပြီး မနီလာမြို့၏ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေကြောင်းပျံသန်းမှုများ များပြားလွန်းနေသည်ကို လျှော့ချရန်ရည်ရွယ်သည်။ လေဆိပ်သည် ဖိလစ်ပိုင်ရေတပ်အဆောက်အအုံအနီးတွင် တည်ရှိပြီး ပင်လယ်အော်ဘက်ရှိ ရေတပ်၏ဌာနချုပ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည်။

အဆိုပါစီမံကိန်းသည် မနီလာပင်လယ်အော်ကို ကြီးမားသော ပမာဏဖြင့် မြေဖို့ပြီး မြေကွက်ဖော်ထုတ်ခြင်း ပါဝင်ပြီး  ခရီးသည် သန်း ၁၀၀ ကျော်ကို  တစ်ချိန်တည်းမှာ ကိုင်တွယ်လုပ်ကိုင်ပေးနိုင်မည့် လေယာဉ်ကွင်းလည်း ဖြစ်သည်။

ဖက်စပ်လုပ်ငန်း ကန်ထရိုက်စာချုပ်ပါ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ခြင်းကြောင့် ယခုလို ကန်ထရိုက်ကို ပြန်ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း Cavite မှ အုပ်ချုပ်ရေးမှူး  Jonvic Remulla က ပြောကြားသည်။

ပြည်နယ်အစိုးရအနေဖြင့် လာမည့်လတွင် စီမံကိန်းအတွက်လေလံဆွဲရန် စီစဉ်ထားပြီး MacroAsia နှင့် CCCC တို့ ပါဝင်ဆဲဖြစ်ကြောင်း အစိုးရအဖွဲ့က ပြောသည်။

ဘီယာမှ အစ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးအဆုံး လုပ်ကိုင်သည့် လုပ်ငန်းစုကြီး San Minguel က စီစဉ်ထားသည့် ပီဆို ၇၄၀ ဘီလျံတန်လေဆိပ်သည် မနီလာလေဆိပ်တွင် လေကြောင်းပျံသန်းမှုများ များပြားလွန်းသည်ကို လွှဲယူကာ လျှော့ချပေးနိုင်မည့် လေဆိပ် စီမံကိန်း တစ်ခု ဖြစ်ရန် ရည်ရွယ်ထားသည်။  ထိုစီမံကိန်းသည် မနီလာမြို့ မြောက်ဖက်တွင် တည်ရှိသော Bulacan ခရိုင်တွင် တည်ရှိသည်။ ယခုနှစ်အတွင်း ပန္နက်တင်ရန် အစီအစဉ် ရှိသည်။

မနီလာမြို့တော်မှ လက်ရှိ သုံးစွဲလျက် ရှိသော Ninoy Aquino International Airport ကို ပီဆို ၁၀၉ ဘီလျံ ဖြင့် တိုးချဲ့ရန် အဆိုပြုသည်ကို အစိုးရက ပယ်ချခဲ့ခြင်းသည့် San Miguel ၏ လေဆိပ်စီမံကိန်းအတွက် အလားအလာ ပိုကောင်းသွားစေသည်။

Factory and Industrial Plant Read 849 times