ကျပ်သန်း ၃,၀၀၀ မတည်ငွေဖြင့် ချင်းကွန်ဗင်းရှင်းစင်တာ


21 December, 2020

ချင်းပြည်နယ် ဟားခါးမြို့တွင် Chin Convention Center (CCC-Hakha) ကို အကောင်အထည်ဖော်

တည်ဆောက်မည် ဖြစ်ပြီး ချင်းနှစ်ခြင်းခရစ်ယာန်အသင်းဝင်များ၏ အလှူငွေ ကျပ် သိန်း ၃၀၀၀၀ ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ဗိသုကာ ဒီဇိုင်းမှာ ချင်းရိုးရာဓလေ့ အိမ်ပုံစံ ဗိသုကာကို အခြေခံထားသည်။
ခန်းမ အရွယ်အစားမှာ လူ သုံးထောင်ဝင်ဆန့်သည့် အရွယ်အစားဖြစ်ပြီး ဘေးဘက်ရှိ လသာဆောင်များတွင် လူ နှစ်ထောင်ဝင်ဆန့်သည်ဖြစ်ရာ စုစုပေါင်း လူငါးထောင် ဝင်ဆန့်သည်။ ယာဉ်ရပ်နားရပ်နေရာသည် ကား အစီး နှစ်ရာအတွက် စီစဉ်ထားမည် ဖြစ်သည်။
ဟားခါးသစ်ရပ်ကွက် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ၏ မြေကွက်တွင် တည်ဆောက်မည် ဖြစ်သည်။

Hakha-ah-minung-5000-tlum-Chin-Convention-Center-an-sak-lai.jpg

Residential Read 309 times