အိမ်ရာတိုက်တာ လုပ်ငန်းကဏ္ဍ ဘဏ်ချေး‌ငွေ တင်းကျပ်သည့် မူဝါဒ တရုတ်အစိုးရ စတင်ကျင့်သုံး


11 January, 2021

 

တရုတ်အစိုးရ မူဝါဒ အသစ်အရ အိမ်ရာဘဏ်ချေးငွေ ကန့်သတ်ချုပ်ချယ်သည့် စည်းမျဉ်းအသစ်များသည် တရုတ်ပြည်တွင်းရှိ developer များအပေါ် ဖိစီးမှု ပြင်းထန်စေမည်ဖြစ်ပြီး ယခုနှစ် စီးပွားရေး ကြီးထွားရေးအတွက် အဓိကအင်ဂျင်တစ်ရပ် ဖြစ်သော ဆောက်လုပ်ရေးကဏ္ဍရဲ့ အဟုန်အပေါ်မှာလည်း လေးလံစေမှာ ဖြစ်ပါတယ်လို့ ဆန်းစစ်သူတို့က ဆိုထားပါတယ်။

တရုတ်ပြည်တွင်း အိမ်ရာဆောက်လုပ်ရေးအပိုင်းကဏ္ဍာမှာ ဆပ်ပြာပူဖောင်း ပေါက်တော့မယ်လို့ ထင်ကြေးဖြစ်ပေါ်နေတာကို မူဝါဒအသစ်က ပူဖောင်းထဲမှ လေကို ထုတ်ယူပစ်ပေးလိမ့်မယ်လို့လည်း ဆိုကြပါတယ်။ ဗဟိုဘဏ်အနေဖြင့် ၂၀၁၇ ခုနှစ်ကတည်းက အရေးယူဆောင်ရွက်မှုတွေ စတင်ဆောင်ရွက်နေတာအတွက်လည်း အထောက်အကူဖြစ်စေမယ်လို့ အကောင်းမြင်ခြင်းများလည်း ရှိနေပါတယ်။
တရုတ်နိုင်ငံမှာ အိမ်ရာတိုက်တာ လုပ်ငန်းကဏ္ဍဟာ ပမာဏ ယွမ် ၁၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၅ ထရီလီယံ ရှိပါတယ်။ မူဝါဒအသစ်အရ ပြဌာန်းတဲ့ စည်းမျဉ်းတွေက အဲဒီကဏ္ဍတစ်ခုလုံးကို ရိုက်ချလိုက်တာ ဖြစ်ပါတယ်။ ဘယ်အပိုင်းကဏ္ဍကို ရိုက်ချက်က သွားထိသလဲဆိုတော့ ဘဏ်ချေးငွေ ရယူနိုင်ဖို့ကို ထိတာ ဖြစ်ပါတယ်။

 concentration management system (CMS) အသစ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ စတင်သက်ရောက်ခဲ့တယ်။
အဲဒီ CMS က အိမ်ရာတိုက်တာ ပိုင်ဆိုင်မှုနဲ့ နှီးနွှယ်တဲ့ ဘဏ်ချေေးငွေတွေကို အရင်းအနှီးပြုဖို့ ထုတ်ချေးတဲ့အပေါ် ကန့်သတ်မှုတွေ ပြုထားတာမှာ ဘဏ်တွေကို အလွှာအဆင့် ၅ ခု ပိုင်းခြားထားတယ်။ 
developers တွေ ဘဏ်ချေးငွေ ချေးယူနိုင်ခြင်း ရှိမရှိ အဆုံးအဖြတ်ပြုဖို့အတွက်  ဗဟိုဘဏ်က မျဉ်နီ သုံးကြောင်း တားပေးခြင်းဖြင့် ဘဏ်တွေက အိမ်ရာတိုက်တာ ကဏ္ဍကို ထုတ်ချေးမယ့်ချေးငွေတွေကို ကန့်သတ်ပေးထားလိုက်တယ်။

ဆုံးရှုံးမယ့်အရေးတွေကို တမင်တကာ လျစ်လျူပြုပြီး ဘဏ်ချေးငွေတွေ ရယူလုပ်ကိုင်နေခြင်းကြောင်း အိမ်ရာတိုက်တာကဏ္ဍ ဈေးကွက် ဆပ်ပြာပူဖောင်းလို ဖောင်းတက်လာပြီး နောက်ဆုံးမှာ ပေါက်ကွဲကာ ပြိုလဲကုန်မှာကို တရုတ်အစိုးရက စိုးရိမ်မကင်း ဖြစ်နေတယ်။ အထူးသဖြင့် ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကြားမှာ စီးပွားရေး ကြီးထွားမှု ဦးကျိုးသွားနိုင်တဲ့အချိန်အခါမှာ စိုးရိမ်မကင်း ပိုဖြစ်တယ်။ 
ဒါပေမဲ့ အိမ်ရာတိုက်တာကဏ္ဍ အပူချိန်တက်နေတာကို အေးအောင် အရေးယူဆောင်ရွက်တာ လွန်သွားရင်လည်း တိုင်းပြည်စီးပွားရေးအတွက် အရေးပါတဲ့ တွန်းအားတစ်ရပ် နှေးကွေးသွားလိမ့်မယ်။ ၂၀၂၁ မှာ လူနေအိုးအိမ်တိုက်တာ ရောင်းအားကျမယ်၊ ဈေးလည်း ကျမယ်လို့ မျှော်လင့်ထားကြချိန်မှာ အခုလို ရိုက်ချက်က ထိချက်ပြင်းစေပြီး စီးပွားရေး ပြန်နာလန်ထဖို့အတွက်လည်း ထိုးနှက်ချက် ဖြစ်နေလိမ့်မယ်။

HSBC ဘဏ်လုပ်ငန်းမှ စီးပွားရေးပညာရှင် Qu Hongbin က "ပြီးခဲ့နှစ်မှာ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးနဲ့ အိမ်ရာ တိုက်တာ ဆောက်လုပ်ရေးတို့က တရုတ်ပြည် စီးပွားရေး ပြန်နာလန်ထဖို့ ဦးဆောင်ခဲ့တယ်" လို့ ပြောပါတယ်။ "အဲဒီကဏ္ဍ နှစ်ရပ် ၂၀၂၁ မှာ နှေးနေလိမ့်မယ်။ အစိုးရက အိမ်ရာတိုက်တာ ဘဏ်ချေးငွေတွေကို တင်းကျပ်လိုက်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ကောင်းလာမယ်။ ဒစ်ဂျစ်တယ်ပိုဆန်လာတာ၊ ဝယ်လိုအား ပိုသန်မာလာတာတွေကြောင့် ဖြစ်ပါတယ်" လို့ သူက ခန့်မှန်းထားတယ်။
ဘဏ်ချေးငွေ ထုတ်ချေးမယ့် ဘဏ်တွေကို အဆင့်အလွှာ ၄ ခု ပိုင်းခြား သတ်မှတ်ပေးထားတာမှာ အရင်းအနှီး ခိုင်ခိုင်မာမာ ကောင်းမွန်တဲ့ ဘဏ်တွေဟာ အလွှာ-၁ မှာ ပါဝင်ပြီး ချေးငွေ အများအပြား ထုတ်ချေးနိုင်တယ်။ ရွာတွေ၊ ခရိုင်တွေ အဆင့်လောက်ပဲ လုပ်ကိုင်တဲ့ ဘဏ်တွေအနေဖြင့် အလွှာ-၅ မှာ ပါဝင်ပြီး အသင့်အတင့်သာ ထုတ်ချေးခွင့် ရရှိပါတယ်။ 

မျဉ်းနီသုံးကြောင်းကတော့ ချေး‌ငွေရယူမယ့် developers တွေအတွက် ပြဌာန်းထားတဲ့ လိုအပ်ချက်တွေဖြစ်ပါတယ်။
 liability-to-asset ratio က ၇၀ % ထက် မကျော်ရဘူး။
net debt-to-equity ratio က ၁၀၀ % ဖြစ်ရမယ်။
cash to short-term debt ratio က အနည်းဆုံး ၁ ဖြစ်ရမယ်။


အဲဒီ သုံးချက် မကိုက်ညီရင် ချေးငွေကို ကန့်သတ်ထားခြင်း၊ ချေးငွေ ရယူခြင်းကို တားမြစ်ခြင်းတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဘဏ်တွေမှာ အများစုက နိုင်ငံပိုင်ဘဏ်တွေဖြစ်ပြီး ယခင်က စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့ အချက်တွေက အမြတ်ရနိုင်စွမ်း၊ ကြီးထွားနှုန်း၊ ပိုင်ဆိုင်မှု အရည်အသွေး၊ ကြွေးဆပ်နိုင်အားတို့ ဖြစ်ပါတယ်။ ယခုမူဝါဒအသစ်မှာတော့ အကဲဖြတ်တဲ့ အချက်တွေကနိုင်ငံတော်က ဖော်ဆောင်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှင့် စီးပွားရေးအစစ်တို့ကို အထောက်အကူဖြစ်စေမှု၊  အရည်အသွေးမြင့်မားမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ဆုံးရှုံးမယ့်အရေးများကို ထိန်းချုပ်ကာကွယ်ခြင်း၊ ထိရောက်စွာ လုပ်ငန်းလည်ပတ်မှု တိုးတက်ကောင်းမွန်မှု တို့ဖြစ်ပါတယ်။

မူဝါဒအသစ်ရဲ့ CMS  အသစ် သတ်မှတ်ပြဌာန်းချက်တွေအရ ဘဏ်တွေအနေဖြင့် ငွေထုတ်ချေးဖို့ တင်းကျပ်ခံထားရပြီး developers တွေအနေဖြင့်လည်း ချေးငွေရယူဖို့ တင်းကျပ်ခံထားရပါတယ်။ 
 

SCHMP

Laws and Regulations Global Read 550 times