ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် တည်ဆောက်မည်


18 September, 2023

ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် တည်ဆောက်မည်


To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

ချင်းမိုင်မြို့ရှိ စီးပွားရေးလုပ်ငန်းများမှ အမှုဆောင်အရာရှိများက မြောက်ပိုင်းမြို့တော် ချင်းမိုင်တွင် ဒုတိယလေဆိပ် တည်ဆောက်ရန်နှင့် လက်ရှိလေဆိပ် လုပ်ငန်းလည်ပတ်ချိန်ကို တိုးမြှင့်ရန် ဝန်ကြီးချုပ်အသစ် ခွန်ဆေထာ ထဝီးဆင်ကို စက်တက်ဘာလ ၁၆ ရက်က ချင်းမိုင်တက္ကသိုလ်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ကြသည်။

 

ဒုတိယလေဆိပ် ကို Lanna International Airport ဟု အမည်ပေးရန် လျာထားပါသည်။

 

ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လောလောဆယ် ညသန်းခေါင်မှာ ပိတ်ပါသည်။ ခရီးသွားလုပ်ငန်း တိုးတက်လာစေရန်အတွက် လည်ပတ်ချိန်ကို တစ်ရက်လျှင် ၂၄ နာရီအထိ တိုးမြှင့်သင့်သည်ဟု အကြံပြုကြသည်။

 

ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့် Airports of Thailand Plc (AOT) သည် အစီအစဉ်၏ အဆင့် ၁ ကို အကောင်အထည်ဖော်လျက်ရှိသည်။

နိုင်ငံတကာခရီးသည်တင် တာမင်နယ်အသစ် ဆောက်လုပ်ခြင်းနှင့် ပြည်တွင်းခရီးသည်များအတွက် လက်ရှိ တာမင်နယ်ကို ပြုပြင်မွမ်းမံခြင်းတို့ ပါဝင်သည်။

တာမင်နယ်အသစ် တိုးချဲ့သည့် စီမံကိန်းသည် ဘတ် ၁၀ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ လေဆိပ်၏ စွမ်းဆောင်ရည်ကို တစ်နှစ်လျှင် ခရီးသည် ၁၈ သန်း ကိုင်တွယ်ပေးနိုင်သည်အထိ တိုးမြှင့်ပေးမည် ဖြစ်သည်။

 

လက်ရှိတွင် ချင်းမိုင်လေဆိပ်သည် တစ်နာရီလျှင် ခရီးစဉ်  ၁၅ ကြိမ် ကိုင်တွယ်ပေးနိုင်သည်။ ပျမ်းမျှ တစ်ရက်လျှင် ခရီးစဉ် ၁၅၀ ခန့် ကိုင်တွယ်ပေးနိုင်သည်။

 

အဆင့် ၁  ပြီးပါက လေဆိပ်၏ ပျံသန်းမှု စွမ်းရည်သည် တစ်နာရီလျှင် အကြိမ် ၃၀ အထိ တိုးလာမည်ဖြစ်သည်။

 

AOT သည် ချင်းမိုင်ပြည်နယ်နှင့် ကပ်လျက် တည်ရှိသော လမ်ဖန်ပြည်နယ်  Ban Thi ခရိုင်တွင် ဒုတိယလေဆိပ်တည်ဆောက်မှုအတွက် ဖြစ်နိုင်ခြေလေ့လာမှုကို ပြင်ဆင်နေပါသည်။

သို့သော် လက်ရှိ ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ခြင်း မပြီးမီတွင် ဖြစ်နိုင်ခြေလေ့လာမှုကို ဆုံးဖြတ်ပေးမည် မဟုတ်ချေ။

၂,၇၆၇.၇ ဧက လွှမ်းခြုံမည်ဖြစ်ပြီး ဘတ် ၅၀ မှ ၆၀ ဘီလီယံကြား ကုန်ကျမည်ဖြစ်သည်။

 

Source thenationthailand 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Infrastructure and Zones Read 392 times