ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့စီမံကိန်း စတင်


24 August, 2023

ချင်းမိုင်  အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့စီမံကိန်း စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


 တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ ကို ဝန်ဆောင်မှုပေးနိုင်ရန် ချင်းမိုင်လေဆိပ်ကို တိုးချဲ့ စီမံကိန်းကို ဩဂုတ် ၂၄ ရက်တွင် စတင်လိုက်ပါသည်။
Airports of Thailand Plc (AOT) သည် Chiang Mai International Airport ကို ၂၀၃၃ ခုနှစ်တွင် တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ ကိုင်တွယ်နိုင်စွမ်း ရှိ‌ရန် ရည်မှန်းထားသော ၁၀ နှစ် ဖွံ့ဖြိုးရေး စီမံကိန်းကို အကောင်အထည် ဖော်မည်ဖြစ်သည်။
ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ယခုအခါ တစ်နှစ်လျှင် ခရီးသည် ၈ သန်းအထိ ကိုင်တွယ်ပေးနိုင်ပါသည်။

ကိုဗစ်အကြိုကာလ ၂၀၁၉ ခုနှစ်တွင် ချင်းမိုင်လေဆိပ်ကို ခရီးသည် ၁၀ သန်းကျော် သုံးစွဲခဲ့ပါသည်။ AOT လက်အောက်ရှိ လေဆိပ်များတွင် ချင်းမိုင်လေဆိပ်သည် စတုတ္ထအကြီးဆုံး လေဆိပ်ဖြစ်လာပါသည်။ သို့ဖြစ်ရာ လေဆိပ်တိုးချဲ့ရေးအတွက် ဖွံ့ဖြိုးရေးစီမံကိန်းကို အာဏာပိုင်တို့က ရေးဆွဲခဲ့ကြသည်။
ဖွံ့ဖြိုးရေးစီမံကိန်းကို အဆင့် ၂ ဆင့်ဖြင့် အ‌ကောင်အထည်ဖော်မည်။
ပထမအဆင့်ကို ၂၀၂၂-၂၀၂၉ ခုနှစ်အထိ လုပ်ကိုင်မည် ဖြစ်သည်။
စီမံကိန်း၏ ဖြစ်နိုင်ချေလေ့လာမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းအပြင် အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင်မည်။
ဆောက်လုပ်ရေးသည် ၂၀၁၆-၂၀၁၉ သုံးနှစ်ကြာမြင့်မည်ဖြစ်သည်။
ပထမအဆင့်ပြီးစီးပြီး ၂၀၃၀ ခုနှစ်တွင် တနှစ်လျှင် ခရီးသည် ၁၆.၅ သန်းအထိ ကိုင်တွယ်ပေးနိုင်မည်။

ဖွံ့ဖြိုးတိုးတက်မှု ဒုတိယအဆင့်ကို ၂၀၃၀ မှ ၂၀၃၃ ခုနှစ်အထိ ကာလအတွင်း အကောင်အထည်ဖော်မည်ဖြစ်သည်။
တနှစ်လျှင် ခရီးသည်  သန်း ၂၀ အထိ ကိုင်တွယ်ပေးနိုင်အောင် တိုးချဲ့မည်။
၂၀၃၃ တွင် လေဆိပ်သည် လေယာဉ်ဆိုက်ကပ်ရန်နေရာ ၃၈ ခုဖြင့် လေယာဉ်အတက်အဆင်း တစ်နာရီလျှင် ၃၁ ကြိမ် လုပ်ဆောင်နိုင်မည်။
ပြေးလမ်းများနှင့် အဝင်အထွက်လမ်းများကို အဆင့်မြှင့်တင်မည်။ ပြည်တွင်းပြည်ပ ခရီးသည် တာမင်နယ်များကိုလည်း အဆင့်မြှင့်တင်မည်။ လေဆိပ်နင့် လေကြောင်းလိုင်းများအတွက် ရုံးအဆောက်အဦများ၊ ယာဉ်ရပ်နားရန် ဧရိယာများ၊ လေဆိပ်ဧရိယာအတွင်း ကားလမ်းများ အစရှိသည်တို့ကိုလည်း ဆောက်လုပ်မည် ဖြစ်သည်။
Source thenationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Infrastructure and Zones Read 338 times