တရုတ်အစိုးရ အိမ်ရာတိုက်ခန်း မူဝါဒ ဖြေလျော့


03 August, 2023

တရုတ်အစိုးရ အိမ်ရာတိုက်ခန်း မူဝါဒ ဖြေလျော့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


လက်ရှိ တိုက်ခန်းပိုင်ရှင်များသည် အသစ်ဝယ်ရန်နှင့် ပြောင်းရွှေ့ရန် ကြိုးပမ်းသောအခါတွင်  အိမ်ရာဘဏ်ချေးငွေအတွက် ပိုမြင့်မားသည့် အတိုးနှုန်း သတ်မှတ်ထားခြင်း၊ လက်ငင်းပေးချေစေခြင်း အစရှိသည့် စည်းမျဉ်းများကို ဖြေလျှော့ပေးခြင်းဖြင့် ကျဆင်းနေသည့် အိမ်ခြံမြေဈေးကွက်ကို ပြန်လည်အသက်ဝင်လာစေရန် တရုတ်နိုင်ငံအစိုးရက ကြိုးပမ်းနေသည်။

ယခင်က အိမ်ရာ ရှိပြီးသားဖြစ်သူတစ်ဦးက ဒုတိယအိမ်ရာ၊ တတိယအိမ်ရာ စသဖြင့် ထပ်မံဝယ်ယူသည့်အခါ ဘဏ်ချေးငွေ ရယူပါက ပိုမြင့်မားသည့် အတိုးနှုန်း သတ်မှတ်ထားသည်။ ထို့ပြင် အရစ်ကျ ပေးချေခြင်းကို ခွင့်မပြုဘဲ လက်ငင်းအကြေချေရသည်။ အိမ်ရာဈေးကွက်အတွင်း အိမ်ရာများ ဝယ်ယူပြီး ဈေးကစားခြင်း မပြုနိုင်အောင် တားဆီးရန် ယခုလို ပြဋ္ဌာန်းထားခဲ့ခြင်း ဖြစ်သည်။ "အိမ်ရာသည် နေထိုင်ဖို့ ဖြစ်သည်။ ဈေးကစားဖို့ မဟုတ်" ဟု အိမ်ရာမူဝါဒတွင် အတိအလင်း ဖော်ပြထားသည်။ 

ပေကျင်းနှင့် ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများတွင် အိမ်ရာဝယ်ယူပါက ဝယ်ယူသူ၏ အိမ်ရာပိုင်ဆိုင်မှုရာဇဝင်၊ ဘဏ်ချေးငွေ ရယူသည့် သမိုင်းကြောင်းတို့ကို စိစစ်သည်။ လက်ရှိအိမ်ရာကို ဘဏ်တွင် အပေါင်ထားပြီး ချေးငွေ ထုတ်ယူကာ နောက်ထပ် အိမ်ရာ ဝယ်ယူမည်ဆိုပါက ပိုမြင့်မားသည့် အတိုးနှုန်းကို ပေးရမည်။ ထပ်မံဝယ်ယူသည့် အိမ်ရာအတွက် လက်ငင်းငွေချေရမည် ဖြစ်သည်။ အကယ်၍ အိမ်ရာအဟောင်းကို ရောင်းချပြီး နောက်ထပ်အိမ်ရာတစ်ခု ဝယ်ယူမည်ဆိုလျှင်လည်း လက်ငင်းငွေချေရမည် ဖြစ်သည်။ ဘဏ်ချေးငွေ ယူလျှင်လည်း အတိုးနှုန်း ပိုမြင့်မားမည် ဖြစ်သည်။ 

ယခု အဆိုပါ စည်းမျဉ်းများကို ဖြေလျှော့ပေးလိုက်ပြီ ဖြစ်သည်။ 

ယခုက အိမ်ရာထပ်မံဝယ်ယူခြင်းအတွက် အတိုးနှုန်းမှာ ၅.၂၅% ဖြစ်ပြီး ယခုနှုန်းထားအသစ်မှာ ၄.၇၅% ဖြစ်သည်။ ငွေပေးချေရာတွင်လည်း ရာနှုန်းပြည့် မပေးချေလိုပါက ချန်ထားနိုင်မည် ဖြစ်သည်။ အများဆုံး အနေဖြင့် အိမ်ရာဈေးနှုန်း၏ ၈၀% အထိသာ ပေးဖို့လိုမည်။ အနည်းဆုံးအနေဖြင့် ၃၅% သာ ပေးဖို့လိုမည်။


အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Ni Hong သည် တရုတ်နိုင်ငံ၏ အိမ်ခြံမြေမူဝါဒကို ဦးစီးရသူဖြစ်ပြီး အိမ်ခြံမြေကုမ္ပဏီများ၊ အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီများနှင့် အစည်းအဝေး ကျင်းပပြီးနောက် စည်းမျဉ်းများ ဖြေလျှော့သည့် ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

အိမ်ရာ ပထမဆုံးအကြိမ် ဝယ်ယူသူများအတွက် ဘဿ်ချေးငွေ အတိုးနှုန်းကိုလည်း လျှော့ချသတ်မှတ်ပေးလိုက်သည်။ 

တရုတ်နိုင်ငံတွင် ကွန်ဒိုမီနီယံရောင်းအား ဆက်လက်ကျဆင်းနေသည်။ ရောင်းဈေးများလည်း ကျဆင်းနေသည်။ ကွန်ဒိုတိုက်ခန်း အသစ်များနှင့် တစ်ပတ်ရစ်များ နှစ်မျိုးစလုံး တလထက် တလ ဈေးချပြီး ရောင်းချနေကြရသည့်တိုင်အောင် ဝယ်လိုအား မြင့်တက်မလာခဲ့ချေ။ ရောင်းလိုအား များနေပြီး ဝယ်လိုအား နည်းပါးနေသည်။


Source nikkei asia

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Tips Read 239 times