ချန်ဂီလေဆိပ် Terminal 5 စီမံကိန်း ကူးစက်ရောဂါအတွက် ဒီဇိုင်း ပြန်လည်ပြင်ဆင်


22 August, 2022

ချန်ဂီလေဆိပ် Terminal 5 စီမံကိန်း ကူးစက်ရောဂါအတွက် ဒီဇိုင်း ပြန်လည်ပြင်ဆင်


ချန်ဂီလေဆိပ် Terminal 5 (T5) စီမံကိန်းအား ကူးစက်ရောဂါအတွက် အဆင်သင့်ဖြစ်‌ေန စေပြီး စွမ်းအင်ပိုမိုထိ‌ေရာက်မှု ရှိစေရန်အတွက် ပြန်လည်ဒီဇိုင်းထုတ်ထားကြောင်း ဝန်ကြီးချုပ် လီရှန်လွန်းက တနင်္ဂနွေနေ့ (ဩဂုတ် ၂၁) တွင် ပြောကြားခဲ့သည်။
ဒီဇိုင်းအသစ်ဖြင့် terminal သည် ကပ်ရောဂါကာလအတွင်း ပိုမိုဘေးကင်းပြီး လိုက်လျောညီထွေစွာ လည်ပတ်နိုင်မည်ဖြစ်သည်။   ခရီးသည် အနည်းအများအပေါ်မူတည်ပြီး လုပ်ငန်းလည်ပတ်မှုများကို အတိုးအလျှော့ အလွယ်တကူ ချိန်ညှိနိုင်မည် ဖြစ်သည်။

 ခရီးသည်များအကြား ကူးစက်မှုကို ကန့်သတ်ရန်အတွက် မတူညီသော လေယာဉ်ခရီးစဉ်များမှ ခရီးသည်များကို သီးခြားခွဲထုတ် ကိုင်တွယ်ပေးနိုင်ခြင်းလည်း ပါဝင်သည်။

T5 သည် အရွယ်အစား ကြီးမားသဖြင့် ချန်ဂီလေဆိပ်အသစ်တစ်ခု တည်ဆောက်သည့်သဖွယ် ဖြစ်လိမ့်မည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ခရိုင်အသစ်တစ်ခု ဖြစ်လာမည့် Changi East Urban District သည် T5 အနီးတွင် တည်ရှိမည်ဖြစ်ပြီး စီးပွားရေးနှင့် လူနေမှုပုံစံအတွက် နေရာသစ်တစ်ခုဖြစ်လာမည်။ စင်ကာပူနိုင်ငံသားများအတွက် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးမည်ဖြစ်သည်။

T5 တည်ဆောက်မှုကို ကိုဗစ်ကပ်ဘေးကြောင့် ၂ နှစ်ကြာ ရပ်နားထားခဲ့စဉ် ဒီဇိုင်းအသစ် ပြန်ထုတ်ခဲ့ခြင်းဖြစ်သည်။ 

T5 စီမံကိန်းကို ၂၀၃၀ နှစ်လယ်ပိုင်းတွင် ပြီးစီးရန် လျာထားပါသည်။
T5 သည်  တစ်နှစ်လျှင် ခရီးသည်ဦးရေ သန်း ၅၀ အထိ ကိုင်တွယ်ပေးနိုင်မည်ဖြစ်ပြီး Terminal 1 နှင့်  Terminal 3 ၂ ခု စုစုပေါင်းထက် ပိုများပါသည်။

#MyanmarBuilderGuide 
Telegram Channel https://t.me/Guid4U
Source: CNA

Infrastructure and Zones Read 314 times