ချန်ဂီလေယာဉ်ကွင်း ဆိုလာပြား အမြောက်အမြား ခင်းကျင်းမည်


15 February, 2024

ချန်ဂီလေယာဉ်ကွင်း ဆိုလာပြား အမြောက်အမြား ခင်းကျင်းမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

စင်ကာပူနိုင်ငံမှ ချန်ဂီလေယာဉ်ကွင်းတွင် ဆိုလာပြားများ အများအပြား ခင်းကျင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်။

ခရီးသည်များအတွက် တာမင်နယ်များ၏ ခေါင်မိုးများပေါ်မှာ ဆိုလာပြားများ ခင်းကျင်းမည့်အပြင် လေယာဉ်ကွင်းထဲတွင်လည်း ခင်းကျင်းမည်။ ကုန်စည်အဆောက်အဦများ၏ ခေါင်းမိုးပေါ်တွင်လည်း ခင်းကျင်းမည်။

ဆိုလာပြား ခင်းကျင်းသည့် စီမံကိန်းသည် ၂၀၂၅ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။

 

၂၀၂၅ ခုနှစ် အစောပိုင်းတွင် ပြီးစီးသောအခါ စင်ကာပူ၏ တည်နေရာတစ်ခုတည်းမှာ တည်ရှိသည့် အကြီးဆုံး အမိုးပေါ် ဆိုလာပြားစနစ် ဖြစ်လာမည် ဖြစ်သည်။

ဆိုလာပြားများကို အမိုးပေါ်တွင်သာမက လေယာဉ်ကွင်းထဲတွင်လည်း ခင်းကျင်းမည်။ ခင်းကျင်းမည့် ဧရိယာသည် ဘောလုံးကွင်း ၆ ကွင်းစာနီးပါး ကျယ်သည်။ ၄ ဟက်တာဝန်းကျင် ကျယ်သည်။ လေယာဉ်ကွင်းထဲမှ လေယာဉ်များ အသုံးမပြုသည့်နေရာများတွင် ဆိုလာပြားများ ခင်းကျင်းမည် ဖြစ်သည်။

 

.

ချန်ဂီလေဆိပ်ကို လုပ်ကိုင်လည်ပတ်နေသည့် Changi Airport Group (CAG)က ဆိုလာပြား စီမံကိန်းကို စင်ကာပူမှ အခြေခံအဆောက်အအုံ လုပ်ငန်းစုကြီး Keppel ထံ ကန်ထရိုက် အပ်နှံကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကြေညာသည်။ 

 

 ဆိုလာပြားဖြင့် ဓာတ်အားထုတ်လုပ်ခြင်းကို ဒီဇိုင်းရေးဆွဲ၊ တည်ဆောက်၊ ပိုင်ဆိုင်ပြီး လုပ်ငန်းလည်ပတ်ခြင်းကို Keppel က ၂၅ နှစ်ကြာ လုပ်ကိုင်ခွင့် ကန်ထရိုက် ရရှိသည်။

.

ဆိုလာပြား ဓာတ်အားထုတ်လုပ်မှုမှ အများဆုံး 43MW-peak (MWp) အထိ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။

အမိုးပေါ်မှ ဆိုလာပြားများထံမှ 38MWp နှင့် လေယာဉ်ကွင်းထဲမှ ဆိုလာပြားများထံမှ 5MWp ရရှိမည်။

 

ဆိုလာပြားများကို မတပ်ဆင်ခင် နေရောင်ခြည် စွမ်းအင် အများဆုံး ရယူနိုင်စေမည့် အစောင်း အနေအထားများကို နေရာအလိုက် စူးစမ်းလေ့လာပြီး ဖော်ထုတ်သတ်မှတ်မည်။

ထို့နောက် အလင်းပြန်ခြင်းနှင့် နေထိုးသည့်အခါ ပြောင်ပြောင်လက်လက်ဖြစ်ခြင်းတို့သည် လေယာဉ်မှူးများနှင့် လေကြောင်းထိန်းမျှော်စင် ဝန်ထမ်းများကို အနှောက်အယှက် ပြုမပြု ဆန်းစစ်မည်ဖြစ်သည်။ 

ချန်ဂီလေဆိပ်တွင် လက်ရှီသုဲးစွဲနေသော ဆိုလာပြားများသည် 22MWp အထိ ထုတ်ပေးနိုင်သည်။

 

Source singaporestraitstimes


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Infrastructure and Zones Read 286 times