Centara က မြန်မာနိုင်ငံတွင် ဟိုတယ်အသစ် သုံးလုံး တည်ဆောက်မည်


01 January, 2020

ထိုင်းနိုင်ငံ၏ထိပ်တန်းဟိုတယ်လုပ်ငန်းဖြစ်သော Centara Hotels & Resorts သည် မြန်မာနိုင်ငံရှိဟိုတယ်အသစ်သုံးခုအတွက် ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာသဘောတူညီချက်များ (hotel management agreements -HMAs) ကို SL International Constructionနှင့် လက်မှတ်ရေးထိုးခဲ့သည်။ ဟိုတယ်အသစ်သုံးခုမှာ Centara Hotel Thiri Hpa-An ၊ Hpa-An Hilltop Resort & Spa နှင့် Centara Hotel Mandalay တို့ဖြစ်သည်။

Centara Hotel Thiri Hpa-An သည် တည်းခိုရန် အခန်း ၇၇ ခန်းပါ ဟိုတယ်ဖြစ်ပြီး အစည်းအဝေးခန်းမများလည်း ပါဝင်မည် ဖြစ်သည်။ ပြင်ပ ရေကူးကန်တစ်ခု၊ စားသောက်ဆိုင်များ၊ ကာယလေ့ကျင့်ရေးခန်းမတို့လည်း ပါဝင်မည်။

Centra မှ အရင်ဆုံးဖွင့်လှစ်မည့် ဟိုတယ်မှာ ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်မည့် Centara Hotel Thiri Hpa-An ဖြစ်သည်။ ဒုတိယမြောက် ဖွင့်လှစ်မည့် ဟိုတယ်မှာ ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်မည့် Hpa-An Hilltop Resort & Spa ဖြစ်ပြီး Centara Hotel Thiri Hpa-An နှင့် အနီးအနားတွင် တည်ရှိသည်။

Hpa-An Hilltop Resort & Spa သည် တောင်ထိပ်တွင် တည်ဆောက်မည်ဖြစ်ပြီဂ ဘန်ဂလို အမျိုးအစား အဆောက်အဦဖြစ်သည်။ တည်းခိုနားနေရန် အခန်း ၆၀ ပါသည်။ တောင်အောက် ရှုခင်းကို ကြည့်ရှုရန် မှန်ပြားကြမ်းခင်းတပ်ဆင်ပေးထားသည့် Skydeck ပါရှိမည် ဖြစ်သည်။

Centara Boutique Collection အမှတ်တံဆိပ်အောက်တွင် လုပ်ကိုင်မည် ဖြစ်သည့် အဆင့်မြင့် ဟိုတယ် ဖြစ်သည်။

ကရင်ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော ဘားအံသည် ထုံးကျောက်တောင် ထူထပ်သောရှုခင်းများ၊ မြစပါးစိုက်ခင်းများ၊ တည်ငြိမ်အေးချမ်းသည့်ရေကန် စသည်တို့ဖြင့် ကျော်ကြားလှပသောမြို့တစ်မြို့ဖြစ်သည်။ ခရီးသည်များသည် ဘားအံကို ထိုင်းနိုင်ငံအနောက်ပိုင်းမဲဆောက်မှကုန်းလမ်းဖြင့် ရောက်ရှိနိုင်ပြီး ယခုနယ်စပ်မြန်မာနယ်စပ်ရှိ ကော့ကရိတ်မြို့နှင့်မြဝတီသို့ဆက်သွယ်သောလမ်းသစ်မှတစ်ဆင့် ၃ နာရီမျှဖြင့် သွားရောက်နိုင်သည်။

တတိယမြောက် ဟိုတယ်မှာ ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်မည့် Centara Hotel Mandalay ဖြစ်သည်။

အခန်း ၂၀၀ ပါ ဟိုတယ်ဖြစ်ပြီး shopping mall ၊ ကာစီနိုနှင့် ရုံးခန်းများ ပါဝင်သည်။ စားသောက်ဆိုင် သုံးဆိုင် ဖွင့်လှစ်မည်ဖြစ်ပြီး ကာယအလှလေ့ကျင့်ရေး အားကစားခန်းမလည်း ပါဝင်သည်ဟု သိရသည်။

 

Factory and Industrial Plant Read 40 times