ပြည်ပမှ ဘိလပ်မြေ တင်သွင်းခြင်းကို  သွင်းကုန်လိုင်စင်ဖြင့် တင်သွင်း ခွင့်ပြု


08 July, 2022

ပြည်ပမှ ဘိလပ်မြေ တင်သွင်းခြင်းကို  သွင်းကုန်လိုင်စင်ဖြင့် တင်သွင်း ခွင့်ပြုလျက်ရှိသည်။

ဆောက်လုပ်ရေးလုပ်ငန်း များအတွက် လိုအပ်နေသည့် ပြည်တွင်း ဘိလပ်မြေ လိုအပ်ချက်သည် တစ်နှစ်လျှင် တန်ချိန် ၁၁ သန်းခန့်ရှိနေပြီး၊ နှစ်စဉ် ပြည်ပမှ တန်ချိန် တစ်သန်းခန့် တင်သွင်းပြီး ဖြည့်တင်းပါသည်။

ယခု ၂၀၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီနှင့် မေ နှစ်လအတွင်း ပြည်ပမှ ဘိလပ်မြေ အမေရိကန်ဒေါ်လာ  ၇ သန်းဖိုး ဝန်းကျင်တင်သွင်းထားပါသည်။

၂၀၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်  ဧပြီလတွင် ပင်လယ်ရေလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၀၃ သန်းဖိုးရှိ ဘိလပ်မြေ တန်ချိန် ၂၅,ဝ၅ဝ ကျော်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၆၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၁၃,၃၀၀၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၆၇ သန်းရှိ ဘိလပ်မြေတန်ချိန် ၃၈,၃၅၀ တင်သွင်းခဲ့ကြောင်း သိရသည်။


၂၀၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်  မေလတွင်
 ပင်လယ်ရေလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၆၈ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၁၉,၈၅၄၊ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ဒသမ ၉၄၄ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၂၅,၀၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၁၂ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၄၄,၈၅၄ တင်သွင်းခဲ့ ကြောင်း သိရသည်။
 
လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း၌ အယ်လ်ဖာ ဘိလပ်မြေတစ်အိတ် လျှင် ၈,၃၀၀ ကျပ်၊ Max အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ် ၇,၉၀၀ ကျပ်၊ ကြံ့နှစ်ကောင် တံဆိပ် ဘိလပ်မြေ တစ်အိတ် ၈,၂၀ဝ ကျပ်အပါချီတံဆိပ်နှင့် Crown အမှတ်တံဆိပ် ၈,၀၀၀ ကျပ် လက်လီရောင်းဈေး ရှိပါသည်။ 
 
ပြည်တွင်းတွင် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၇ ရုံနှင့် နိုင်ငံပိုင် စက်ရုံ ၃ ရုံရှိပြီး တစ်နှစ်လျှင် တန်ချိန် ၉ သန်းအထိ ထုတ်လုပ်နိုင်စွမ်း ရှိပါသည်။

Source:MTN

Local Construction Materials Read 587 times