မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်နှင့် အခြားမြို့များသို့ ဘိလပ်မြေတင်ပို့မှု များပြားလျက်ရှိ


07 September, 2022

မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်နှင့် အခြားမြို့များသို့ ဘိလပ်မြေတင်ပို့မှု များပြားလျက်ရှိ

 

မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်နှင့် အခြားမြို့နယ်များသို့ စက်တင်ဘာလ ပထမပတ်မှစ၍ ဘိလပ်မြေတင်ပို့သည့် သင်္ဘောများပြားလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ မှ သိရသည်။

 

မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်နှင့်အခြားမြို့နယ်များသို့ တင်ပို့မည် ကုန်စည်ရရှိမှု ယခင်ကထက် ပိုများပြားလာကြောင်း နှင့် အခုလတ်တလော မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန် ၊ ကျောက်မြောင်း ၊ ကသာ၊ ထီးချိုင့် စသည့်မြို့များသို့ ဘိလပ်မြေတင်ပို့သည့် သင်္ဘော များပြားလာကြောင်း သိရသည်။

 

အခုလတ်တလော မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန် နှင့် အခြားမြို့နယ်တွေကို အဆောက်အအုံဆောက်လုပ်ရာမှာ အရေးပါတဲ့ ဘိလပ်မြေအိတ်တွေ တင်ပိုတဲ့ ဘင်္ဘောတွေ ပြန်ပြီးများလာတယ်။ မင်းကွန်းတို့ ၊ ကျောက်မြောင်းတို့ ဘက်နေလဲ လှမ်းမှာတာတွေလည်းရှိတယ်လို့ သိရသည်။

 

ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းနှင့် အခြားမြို့နယ်များသို့ ဘိလပ်မြေတင်ပို့သည့် သင်္ဘောများမှာ ဩဂုတ်လ နောက်ဆုံးပတ်က တရက်လျှင် အစီးရေ ၃၀ ကျော်သာရှိခဲ့သည်။ စက်တင်ဘာလ ပထမပတ်မှစ၍ ကုန်စည်ရရှိမှု များပြားလာခြင်းကြောင့် ဘိလပ်မြေ တင်ပို့သည့် သင်္ဘောမှာ တစ်ရက်လျှင် အစီးရေ ၅၀ ကျော်ထိ ရှိလာတယ်လို့ သိရသည်။

 

အလားတူ မန္တလေး ဆိပ်ကမ်းမှ ခရီးသည်အပြင် ကုန်စည်းများဖြစ်သည့် ဆန် ၊ ကြက်သွန်၊ ဆီ၊ ဆား၊ ငရုတ် စသည့် ကုန်စည်များကိုလည်း မုံရွာ၊ သပိတ်ကျောင်း၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ မြစ်ကြီးနား စသည့် မြို့များသို့လည်း ရှပ်ပြေးရေယာဉ်အစီးရေ ၃၀၀ ကျော်ဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေ ကော်မတီ မှ သိရသည်။

 

(ရတနာပုံ)

 Myanmar Builder Guide

Local Read 602 times