CB bank၏ အိမ်ရာချေးငွေအကြောင်း သိကောင်းစရာများ


10 December, 2020

သင့်ဘဝနေထိုင်မှုနှင့် ကိုက်ညီသော တိုက်ခန်း၊ ကွန်ဒိုအခန်း၊ လုံးချင်းအိမ် ပိုင်ဆိုင်နိုင်ဖို့ CB Bank Home Loan နှင့် ချိတ်ဆက်လိုက်ပါ။ အိမ်ရာချေးငွေ ချေးမဲ့ပြည်သူများ သိသင့်သိထိုက်သောအချက်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

 

အဆင့် ( ၁ )

        မိမိစိတ်ကြိုက်တိုက်ခန်း၊ ကွန်ဒိုအခန်း၊ လုံးချင်းအိမ် အားရွေးချယ်ခြင်း။

 

အဆင့် ( ၂ )

        Home Loan (အိမ်ရာချေးငွေ) ရယူရန် CB Bank ရုံးချုပ်သို့ ရယူလိုသော ချေးငွေပမာဏကို Home Loan Application Form တွင် ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများအား တင်ပြခြင်း။

 

အဆင့် ( ၃ )

        ချေးငွေလျှောက်ထားခြင်းကို တင်ပြလာသော စာရွက်စာတမ်းများအား CB Bank မှ စီစစ်ပြီးသည့်နောက်တွင် ဘဏ်မှကမ်းလှမ်းသော ေျးငွေပမာဏနှင့် ချေးငွေကာလအား ဝယ်ယူသူမှသာ သဘောတူညီခြင်းနှင့် ခွင့်ပြုထားသော ပမာဏနှင့် ကိုက်ညီသော အိမ်ရာကို ရှာဖွေခြင်း။

 

အဆင့် ( ၄ )

        စာရွက်စာတမ်းပြည့်စုံပါက အိမ်ရာချေးငွေကျွမ်းကျင်သူမှရာဖြတ်ခြင်း၊ ပိုင်ဆိုင်မှုစစ်ဆေးခြင်းများ ပြုလုပ်ပြီးချေးငွေခွင့်ပြု၊ မပြုဆုံးဖြတ်ချက်ကို ရယူခြင်း။

 

အဆင့် ( ၅ )

        ဘဏ်မှ ခွင့်ပြုပါက ချေးငွေစာချုပ်စာတမ်းများတွင် လက်မှတ်ရေးထိုးခြင်း။ ကနဦးပေးသွင်းငွေနှင့် ဝန်ဆောင်ခတို့ကို ဘဏ်သို့ ပေးသွင်းခြင်း။

 

အဆင့် ( ၆ )

        CB Bank မှ သတ်မှတ်သောနေ့တွင် အခန်းသော့အား ဝယ်ယူသူလက်သို့ ပေးအပ်ခြင်းနှင့် ဝယ်ယူသူမှ လစဉ်အရစ်ကျပေးသွင်းငွေအား စတင်ပေးသွင်းခြင်းတို့ ဖြစ်ပါတယ်။

 

 

တင်ပြရမည့် စာရွက်စာတမ်းများမှာ-

(၁) မှတ်ပုံတင် (မိတ္တူ)၊ အိမ်ထောင်စုဇယား (မိတ္တူ)
(၂) ရပ်ကွက်အတွင်းနေထိုင်ကြောင်း ထောက်ခံချက်မှုရင်း (အိမ်အရစ်ကျ ဝယ်ယူရန်မှတ်ချက်ဖြင့် ဖော်ပြရန်)
(၃) ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်မှုရင်း (အိမ်အရစ်ကျ ဝယ်ယူရန် မှတ်ချက်ဖြင့် ဖော်ပြရန်)
(၄) ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းဖြစ်ကြောင်းအထောက်အထားနှင့် လစာငွေပမာဏအပေါ် ဌာန / ကုမ္ပဏီ၏ ထောက်ခံချက် (လစာငွေဖြတ်ပိုင်း အနည်းဆုံး (၃)လစာ)
(၅) ဘဏ်ငွေစုစာရင်း (ရှိလျှင်) (အနည်းဆုံး(၆)လစာ)
(၆) လုပ်ငန်းရှင်ဖြစ်ပါက ချေးငွေလိုအပ်ချက်အတိုင်း စာရွက်စာတမ်းများ
(၇) နိုင်ငံတော်သို့ အခွန်ပေးသွင်းမှုမှတ်တမ်း (မိတ္တူ)
(၈) ကျမ်းကျိန်လွှာ (မှုရင်း)
(၉) အိမ်ရာနှင့် ပတ်သက်သော ဓါတ်ပုံများ နှင့်

 

ရောင်းချသူထံမှ လိုအပ်သော စာရွက်စာတမ်းများမှာ-

(၁) မြေစာရင်းမြေပုံ / မြေရာဇဝင် ပုံစံ(၁၀၅၊ ၁၀၆)
(၂) ပိုင်ဆိုင်မှုနှင့် ပတ်သက်သော ဆက်စပ်စာချုပ်များ
(၃) ဂရန်မိတ္တူစာချုပ် (သို့) ဘိုးဘွားပိုင်မြေမိတ္တူ
(၄) မြေပိုင်ရှင်နှင့်ဆောက်လုပ်သူ သဘောတူစာချုပ်မိတ္တူ
(၅) လူနေထိုင်ခွင့်မိတ္တူ
(၆) မြေရှင်မှသဘောတူသိရှိကြောင်းထောက်ခံစာတို့ ဖြစ်ပါတယ်။    

 

ပြန်လည်ပေးချေးမှုပုံစံ
        
    ကနဦးပေးသွင်းရမည့်နှုန်း : အခန်းတန်ဖိုး၏ ၃၀% (အနည်းဆုံး)

    ချေးငွေကာလ               : အများဆုံး (၁၅) နှစ်

    ဝန်ဆောင်ခ                  : အများဆုံး ၂% (ချေးငွေပမာဏအပေါ်တွင်)
    
    (တစ်ကြိမ်သာလျှင် ကနဦးပေးသွင်းငွေနှင့် အတူပေးသွင်းရန်)

    အတိုးနှုန်း                  : ၁၃% (တစ်နှစ်လျှင်)

    (Amortization Method ဖြင့် လစဉ်ပေးချေးငွေကို တါက်ချက်ခြင်း)

 

တွက်ချက်မှုနမူနာပုံစံ

    အိမ်တန်ဖိုး                 : ကျပ် (၅၀,၀၀၀,၀၀၀)

    ချေးငွေကာလ             : အများဆုံး (၅) နှစ်

    အတိုးနှုန်း                  : ၁၃% (တစ်နှစ်လျှင်)

 

ကနဦးပေးသွင်းငွေ(၃၀%)    ကျပ် ၁၅,၀၀၀,၀၀၀
ဘဏ်မှစိုက်ထုတ်ဖြည့်သွင်းငွေ (၇၀%)    ကျပ် ၃၅,၀၀၀,၀၀၀
ဝန်ဆောင်ခ (၂%)    ကျပ် ၇၀၀,၀၀၀
စုစုပေါင်းကနဦးပေးသွင်းငွေ    ကျပ် ၁၅,၇၀၀,၀၀၀
လစဉ်အရစ်ကျပေးသွင်းငွေ    ကျပ် ၇၉၆,၃၅၈ (အတိုးနှင့်အရင်း)
     

         အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

       အမှတ် (၄၆)၊ Union Financial Center ၊ Tower (A)၊ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

 Tel: (95-1) 371 850

  Fax: (95-1) 371 850

 Email: [email protected]

 Website: www.cbbank.com.mm

 Call Center: 01- 231 7770

Bank Loan Read 353 times