Lockdown ကြောင့် Caterpillar အမြတ်ကျဆင်း


01 March, 2020

Coronavirus ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့တစ်လွှား လုပ်လက်စ

ဆောက်လုပ်ရေးစီမံကိန်းများ ရပ်ဆိုင်းထားခြင်းများနှင့် ရုပ်သိမ်းခြင်းများ ဖြစ်ပွားနေသည့်အတွက် Caterpillar ၏အမြတ်သည် ၄၆% ကျဆင်းခဲ့သည်။ လာမည်တစ်နှစ်တာတွင်လည်း အမြတ်ရရှိမှု ကျဆင်းနေဦးမည်ဟု ခန့်မှန်းထားသည်။

ဗဟိုအစိုးရအတော်များများက ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ လုပ်သားများ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာကွယ်ရန် လုပ်ငန်းခွင့်များကို ပိတ်ခိုင်းထားကြသော်လည်း အခြေခံအဆောက်အအုံများကို ထိန်းသိမ်းရန်အတွက် အကြီးစားသတ္တုတူးဖော်ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ တည်ဆောက်ခြင်းကို မရှိမဖြစ်လိုအပ်သည်ဟုယူဆပြီး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန်အတွက် ဘေးကင်းလုံခြုံမှုစည်းမျဉ်းသစ်များကို ကျင့်သုံးကာ လုပ်ကိုင်ခွင့် ပေးခဲ့သည်။

Caterpillar ၏ အဓိကထုတ်လုပ်မှုစက်ရုံများ၏ ၇၅% ခန့်သည် ဧပြီလလယ်တွင် လည်ပတ်နေဆဲဖြစ်သည်။

ဇန်န၀◌ါရီလ ၁ ရက်တွင် စတင်ပြီး မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ပထမသုံးလတာကာလအတွင်း Caterpillar Inc. သည် ဒေါ်လာ ၁.၀၉ ဘီလီယံ ရရှိခဲ့သည်။ ပြီးခဲ့သောနှစ်က ပထမသုံးလပတ်တွင် ဒေါ်လာ ၁.၈၈ ဘီလီယံ ရရှိခဲ့သည်။

Caterpillar သည် ကုန်ကျစရိတ်များကိုလျှော့ချခြင်းနှင့် ၂၀၂ ခုနှစ် အခြေခံလစာတိုးမြှင့်ခြင်းနှင့် ၀ န်ထမ်းများစွာနှင့် အကြီးတန်းအမှုဆောင်များအားလုံးအတွက် ရေတိုမက်လုံးပေး ဆုကြေးအစီအစဉ်များကို ဆိုင်းငံ့ခြင်းဖြင့် ကုန်ကျစရိတ်များကို လျှော့ချခဲ့သည်။

Global Read 40 times