စက်ရုံမှ ထွက်ရှိမည့်ရေဆိုးများမှ တစ်ဆင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့်ပီလောပီနံစက်ရုံတည်ထောင်မည်


14 November, 2020

ဧရာဝတီတိုင်းဒေသကြီးအတွင်း ထိုင်းကုမ္ပဏီတစ်ခုမှ ကန်ထရိုက်လယ်ယာမြေစနစ်ဖြင့်ပီလောပီနံစိုက်ခင်းများစိုက်ပျိုးပြီး ပီလောပီနံစက်ရုံမှ ထွက်ရှိလာမည့် ရေဆိုးများမှ တစ်ဆင့်လျှပ်စစ်ဓာတ်အားကိုပါထုတ်လုပ်နိုင်သည့် ပီလောပီနံစက်ရုံတစ်ခုအားလာမည့်နှစ်အတွင်း တည်ဆောက်နိုင်ရန် မြေနေရာရှာဖွေလျက်ရှိကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးမှ ပြောကြားကြောင်းသိရသည်။

ဧရာဝတီတိုင်းအတွင်းပီလောပီနံစိုက်ပျိုးနေသည့်တောင်သူများကိုအစိုးရမှ ကူညီဆောင်ရွက်ပေးရန်လွှတ်တော် တွင်းမေးခွန်းမေးမြန်းရာတွင် ဝန်ကြီးမှ ထိုင်းနိုင်ငံကုမ္ပဏီတစ်ခုမှ

ဒေသခံတောင်သူများနှင့် အကျိုးတူပူးပေါင်း ကာ ကန်ထရိုက်လယ်ယာမြေစနစ်ဖြင့် ပီလောပီနံစိုက်ခင်း ဧက၅ဝဝဝကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊စိုက်ပျိုးပြီး ထွက်ရှိလာသည့် ပီလောပီနံများကိုစျေးကွက်ဝင်

ရောင်းချနိုင်ရေး အတွက် အမှုန့်ကြိတ်စက်များကိုပါ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး ယင်းစက်ရုံမှ ထွက်ရှိလာသည့် ရေဆိုးများမှ တစ်ဆင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကိုပါ

လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ယခုချိန်တွင် လုပ်ငန်းများစတင်အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်နေသည့် မြေနေရာများကိုအဖွဲ့များဖွဲ့ကာ ရှာဖွေလျက်ရှိပြီးလုပ်ငန်းများစတင်လည်ပတ်ပါက

တိုင်းဒေသကြီးအတွင်း မူလစိုက်ပျိုးနေသည့် ပီလောပီနံစိုက် တောင်သူများအနေဖြင့်အကျိုးတူကန်ထရိုက်လယ်ယာမြေစနစ်ဖြင့်ပူးပေါင်းလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာမည့်နှစ်တွင် ထိုင်းနိုင်ငံကုမ္ပဏီနှင့် ပီလောပီနံမျိုးစေ့များအသုံးပြုပြီး အကျိုးတူကန်ထရိုက်လယ်ယာစနစ်နှင့် တိုးချဲ့ပြီးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ပီလောပီနံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်

ထိုင်းနိုင်ငံကုမ္ပဏီအနေနှင့် ပီလောပီနံမျိုးကောင်းမျိုးသန့်ထုတ်လုပ်နိုင်ရန်ဧက၅ဝဝ၊ထွက်ရှိလာသောမျိုးများကို စိုက်ပျိုးနိုင်ရန် ဧက၅ဝဝဝ ကိုရရှိမည်ဆိုပါက တစ်ဧကအားပေါက်ဂဏန်းဖြင့်

ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရန်ကုန်ချောထုတ်လုပ်ရန်စက်ရုံမျာားတည်ဆောက်ခြင်းဆောင်ရွက်မည်ဖြစ်ပြီး မြေနေရာများရှာဖွေခြင်းအဖွဲ့များ ဖွဲ့ပြီးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးနည်းစနစ်မျိုးဓာတ်မြေသြဇာပံ့ပိုးရေးပစ္စည်းများကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ညှိနှိုင်းပြီးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းသည်ပီလောပီနံစက်ရုံများတည်ဆောက်ရေးပါဝင်ပြီး စွန့်ပစ်ရေများရေဆိုးများသဘာဝပတ်ဝန်းကျင်မထိခိုက်စေရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့်

လုပ်ငန်းအစီအစဉ်များထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီးပီလောပီနံစျေးကောင်းရရှိရေးနှင့် သိုလှောင်မှုလွယ်ကူစေရန်အမှုန့်ကြိတ်စက်များကိုလည်းတည်ထောင်သွားရန်အစီအစဉ်ရှိကြောင်းသိရသည်။

ထိုသို့လုပ်သည့်အခါလျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုပီလောပီနံစက်ရုံမှထွက်ရှိလာသောရေဆိုးများကိုလျှပ်စစ်ဓာတ်အားအဖြစ်နှင့်ပြောင်းလဲမည့်လုပ်ငန်းအစီအစဉ်များလည်းထည့်သွင်းထားသည့်အတွက်

ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုများလည်းမရှိနိုင်ကြောင်းလည်းပြောကြားထားကြောင်းသိရသည်။

Source:Daily Eleven

Factory and Industrial Plant Read 48 times