သင်္ဃန်းကျွန်းမြို့နယ်ရှိအိမ်ရာစီမံကိန်းတည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူခြင်း


13 November, 2020

ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊သီရီမင်္ဂလာလမ်းနှင့် သီရီဟေမာလမ်းထောင့်ရှိ ဇဝနမြို့ပြ(လခရ)အိမ်ရာ(မင်္ဂလာရိပ်သာ)မှ တိုက်ဟောင်း(၁၂)လုံးတည်ရှိရာ မြေနေရာသုံးဧကခန့်တွင်ဌာနမှ အတည်ပြုထားသောMaster Plan နှင့် Architictural Designများအတိုင်း အထပ်မြင့်လူနေအဆောက်အဦများ ပါဝင်သော အငှားချအိမ်ရာနှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းကို ရင်းနှီးမြှုပ်နှံတည်ဆောက်ရန်အတွက်အောက်ပါအတိုင်း တင်ဒါအဆိုပြုလွှာတင်သွင်းနိုင်ကြောင်းသိရသည်။

တင်ဒါအဆိုပြုလွှာပုံစံစည်းကမ်းချက်များနှင့် Master Plan နှင့် Architectural Design (CD)စတင်ထုတ်ယူနိုင် သည့်ရက်မှာ (၁၄.၁၀.၂ဝ၁၇)ဖြစ်ကြောင်း သိရသည်။

တင်ဒါအဆိုပြုလွှာတင်သွင်းခြင်းကိုလက်ခံမည့်ရက်မှာ(၁၄.၁၁.၂ဝ၁၇)ဖြစ်ကြောင်းသိရသည်။

တင်ဒါတင်သွင်းရမည့်နေရာမှာပြည်သူ့အိမ်ရာစီမံကိန်းများဦးစီးကော်မတီရုံးခန်း၊အခန်းအမှတ်(၂၂၂)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဖြစ်ပြီး ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ (ဝ၉-၂၅ဝဝ၆၆၂၆၉)ဖြစ်သည်။

Source:Myanmar Alinn

Housing Read 124 times