တနင်္လာရီတိုင်းဒေသကြီးရှိ တည်ဆောက်ရေးလုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်း


08 November, 2020


၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာရေးနှစ် တနင်္လာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ တင်ဒါပေးသွင်းရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။

ထားဝယ်ခရိုင်ရှိ (၄)ခန်းတွဲ (၄)ထပ် ၊ဝန်ထမ်းအိမ်ရာ(၁)လုံးဆောက်လုပ်ခြင်း၊ရေသန့်နှင့် ပြင်ပရေရရှိရေးလုပ်ငန်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ပလမြို့၊(၆)ခန်းတွဲ ဝန်ထမ်းအိမ်ရာ(၁)လုံးဆောက်လုပ်ရန် ခေါ်ယူခြင်းဖြစ်ကြောင်းသိရသည်။

လျှောက်လွှာများကို (၃ဝ.၈.၂ဝ၁၇ မှ ၂.၁ဝ.၂ဝ၁၇) ညနေလေးနာရီထိဝယ်ယူနိုင်ပြီး တင်ဒါဖွင့်မည့်ရက်မှာ အောက်တိုဘာ၃ရက် နံနက် ၁ဝးဝဝနာရီ တွင် ဖွင့်မည်ဖြစ်ကြောင်းသိရသည်။

တနင်္လာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ထားဝယ်မြို့တွင် တင်ဒါတင်သွင်း စိစစ်ရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။

Lot(၁)ခုလျှင် လျှောက်လွှာတစ်စောင်နှုန်း ဝယ်ယူရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ၀၅၉-၂ဝ၂၃၅၆၃ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

Housing Read 140 times