မန္တလေးတိုင်းဒေသရှိ အဆောက်အအုံများ ဆောက်လုပ်ရန် တင်ဒါခေါ်ယူ


08 November, 2020

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပ်နှံသော အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် စိတ်ပါဝင်စားသော ကုမ္ပဏီများအား တင်ဒါတင်သွင်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အအုံ ဦးစီးဌာန မှ ဖိတ်ခေါ်ထားကြောင်းသိရသည်။

အဆောက်အအုံ ၂၉လုံးအား ဆောက်လုပ်မည်ဖြစ်ပြီး တင်ဒါလျှောက်လွှာပုံစံများအား စက်တင်ဘာ(၄)ရက် နံနက် ၉ခွဲမှ ညနေ ၄ခွဲထိ ဝယ်ယူနိုင်ကြောင်းသိရသည်။

တင်ဒါလျှောက်လွှာနောက်ဆုံးရက်မှာ အောက်တိုဘာ၃ရက်နေ့ဖြစ်ပြီး ညနေ၄ခွဲထိဝယ်ယူနိုင်ကြောင်းသိရသည်။

တင်ဒါဖွင့်မည့်ရက်နှင့် အချိန်အား ထပ်မံကြေညာမည်ဖြစ်ကြောင်းသိရသည်။

တင်ဒါစည်းမျဉ်းများ စည်းကမ်းများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီတွင် စုံစမ်းနိုင်ကြောင်းလည်းသိရသည်။

ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊လမ်းဦးစီးဌာနရုံးသည်လမ်း(၃ဝ)၊၇ဝx၇၁လမ်းကြား၊ချမ်းအေးသာစံမြို့နယ်၊မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိပြီး ဖုန်းနံပါတ် ဝ၂-၃၉၁၈၄ နှင့် ဝ၂-၃၉၁၈၆ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။

Myanmar Alinn

Housing Read 171 times