မင်္ဂလာဈေးအနီးရှိ မြို့တော်ဘဏ်ဖျက်သိမ်းရန် တင်ဒါခေါ်ယူ


09 November, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရ တင်ဒါကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အောက်ဖော်ပြပါ အဆောက်အအုံအားဖျက်သိမ်းခြင်းအတွက် တင်ဒါတင်သွင်းလိုသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တိုင်းရင်းသားများပိုင် ပြည်တွင်းကုမ္ပဏီများအား တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။

တင်ဒါအမှတ် EDB/ဝ၁/၂၀၁၇-၂၀၁၈ ဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ဗညားဒလလမ်း၊မင်္ဂလာဈေးအနီး မြို့တော်ဘဏ်(၁၂ဝ×၆ဝ)ပေ၊၇ထပ် RC အဆောက်အအုံအား ဖျက်သိမ်းခြင်းလုပ်ငန်းအတွက် တင်ဒါခေါ်ယူ ထားကြောင်းသိရသည်။

တင်ဒါများကိုနည်းပညာပိုင်းဆိုင်ရာအဆိုပြုလွှာနှင့် ငွေကြေးဆိုင်ရာအဆိုပြုလွှာဟူပြီး သီးခြားစာအိတ်များဖြင့် တင်ဒါတင်သွင်းသူများလိုက်နာရန် ညွှန်ကြားချက်များ (Instructions to Tenderers)နှင့်အညီ တင်သွင်းရန်ဖြစ်ကြောင်းသိရသည်။

တင်ဒါစာရွက်စာတမ်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြို့တော်ခန်းမ၊တိုးချဲ့(၁ဝ)ထပ်ရုံး၊ အင်ဂျင်နီယာ(အဆောက်အအုံ) (၈)လွှာတွင် တင်ဒါများကိုဝယ်ယူတင်သွင်းနိုင်ကြောင်းသိရသည်။

တင်ဒါပုံစံ စတင်ရောင်းချမည့်ရက်မှာ ၁၅.၉.၂ဝ၁၇ (သောကြာနေ့) ရုံးချိန်အတွင်း ဝယ်ယူရမည်ဖြစ်ပြီး ၁၆.၁ဝ.၂ဝ၁၇ (တနင်္လာနေ့) ညနေ သုံးနာရီအချိန်တွင် နောက်ဆုံးတင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။

တင်ဒါစည်းကမ်းနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက ရန်ကုန်မြို့တောာ်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ဖုန်း ဝ၁-၃၇၄၃၆၆သို့ ရုံးချိန်အတွင်း

ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တင်ဒါကော်မတီထံမှ သိရသည်။

Myanmar Alinn

Housing Read 98 times