မင်္ဂလာတောင်ညွှန့်ရှိ စံပြညဈေး ဒီဇိုင်း တင်ဒါခေါ်ယူ


28 October, 2020

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိစံပြညဈေးအားအဆင့်မြင့်ပြုပြင်သွားရန်အတွက်စံပြညဈေးဒီဇိုင်းရေးဆွဲတင်သွင်းရန်တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြင့်သောင်းကဧပြီ၂၅ရက်ကရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင်ပြောဆိုခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်ဖို့မြေရပ်ကွက်နှင့် သာယာကုန်းရပ်ကွက်ကြားမြရာကုန်းလမ်းနှင့် ဗိုလ်မင်းရောင်လမ်း ထောင့်ရှိစြံပညဈေးသည်အလွန်အမင်းပျက်စီးယိုယွင်းနေသောကြောင့်ဈေးအသစ်ပြန်လည်တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူနေကြောင်းသိရသည်။


မင်္ဂလာဈေးစံပြညဈေးကိုခေတ်မီဈေးတည်ဆောက်ရန်၂၀၁၅၂၀၁၆ဘဏ္ဍာရေးနှစ်မှာတင်ဒါခေါ်ယူခဲ့သော်လည်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့မှတင်ဒါကိုထုတ်ပြန်ကြေညာခဲ့ခြင်းမရှိခဲ့ပါ။


ယခုရန်ကုန်တိုင်းဒေသကြီးအစိုးရလမ်းညွှန်မှုနှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကွပ်ကဲမှုတွင်ရှိသည့်ဈေးများကိုအဆင့်မြင့်ဈေးဖြစ်လာစေရန်လုပ်ဆောင်သည့်ဈေး၂၁ ဈေးရှိပါသည်။


ထိုဈေးထဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်စံပြညဈေးလည်းပါဝင်ပါသည်။ မြန်မာနိုင်ငံဗိသုကာအသင်း၏အစီအစဉ်နှင့်ဒီဇိုင်းပြိုင်ပွဲခေါ်ယူခြင်း၊ရွေးချယ်ထားတဲ့ဒီဇိုင်းနဲ့အညီတည်ဆောက် မည့်တင်ဒါခေါ်ယူခြင်းလုပ်ငန်းနဲ့အတူစနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


စံပြညဈေး၏ဒီဇိုင်းကိုတင်ဒါခေါ်ယူဖို့ရှိကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးပြောကြားချက်အရသိရသည်။ ထို့အပြင်ရန်ကုန်တိုင်းဒေသကြီးပန်းဘဲတန်းမြို့နယ်(၂)ရပ်ကွက်မဟာဗန္ဓုလလမ်းနှင့်အနော်ရထာလမ်းအတွင်းရှိ သိမ်ကြီးဈေးစီရုံနှင့်ရန်ကုန်တိုင်းဒေသကြီးတောင်ဥက္ကလာပမြို့နယ်၁၄ရပ်ကွက်အပိုင်း(၂)သံသုမာလမ်းပေါ်တွင်တည်ရှိသောသီရိမြင်သာဈေးအားဈေးအင်္ဂါရပ်နှင့်အညီအဆင့်မြင့်ဈေးများအဖြစ်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းလည်းပြောကြားသွားကြောင်းသိရသည်။


Source:imyanmarhouse

Housing Read 84 times