မရမ်းကုန်းမြို့နယ်တွင် အဆောက်အဦသုံးလုံးဆောက်လုပ်ရန် တင်ဒါခေါ်ယူ


16 November, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရတင်ဒါကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မရမ်းကုန်းမီးလောင်ပြင်နေရာတွင် အဆောက်အဦသစ်ပြန်လည်တည်ဆောက်မည့်လုပ်ငန်းကို

ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့တွင် မှတ်ပုံတင်ပြီးဖြစ်သော တင်ဒါတင်သွင်းလိုသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတိုင်းရင်းသားများပိုင် ပြည်တွင်းကုမ္ပဏီများအား တင်ဒါများတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်(၆)ရပ်ကွက်ဇေယျာခေမာလမ်းသွယ်ရှိ မြေညီထပ်(ကားပါကင်)+၄ထပ်ခွဲအဆောက်အဦ(၂)လုံးနှင့် မြေညီထပ်(ကားပါကင်)+၄ထပ်အဆောက်အဦ(၁)လုံး တည်ဆောက်ရန်အတွက် တင်ဒါခေါ်ခြင်းဖြစ်သည်။

တင်ဒါများကိုနည်းပညာပိုင်းဆိုင်ရာအဆိုပြုလွှာနှင့်ငွေကြေးဆိုင်ရာအဆိုပြုလွှာဟူ၍သီးခြားစာအိတ်များဖြင့် တင်ဒါတင်သွင်းသူများလိုက်နာရန် ညွှန်ကြားချက်များ(Instructions to Tenderers)နှင့်အညီတင်သွင်းရန်ဖြစ်သည်။

တင်ဒါစာရွက်စာတမ်းများအပြည့်အစုံကို ၁၂.၁၂.၂ဝ၁၇ ရက်မှစ၍ ၁၂.၁.၂ဝ၁၈ရက် အထိကျောက်တံတားမြို့နယ်၊(၃၄)လမ်းနှင့် စည်ပင်လမ်းထောင့်ရှိ(၁ဝ)ထပ်ရုံး၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊(၈)လွှာတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

စာရွက်စာတမ်းအပြည့်အစုံကို အထက်ဖော်ပြပါဌာနသို့ ၁၂.၁.၂ဝ၁၈ရက်နံနက် ၁၁:ဝဝနာရီတွင် နောက်ဆုံးထား၍ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

နောက်ကျတင်သွင်းသော တင်ဒါများကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်းသိရသည်။

တင်ဒါခေါ်ယူခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုသောအချက်များကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)တယ်လီဖုန်းအမှတ် ဝ၁-၃၇၄၃၆၆ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

The Mirror

Office Read 132 times