မြေအောက်လူကူးလမ်းများတည်ဆောက်ရန် တင်ဒါခေါ်


16 November, 2020

ဗဟန်းမြို့နယ် ရွှေတိဂုံဘု ရား အနောက်ဘက်မုခ်အနီး၊ ပြည် လမ်း ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်အရှေ့နှင့် ပြည်လမ်း မရမ်းကုန်းမြို့နယ် ရှစ်မိုင်ခုံး တံတား အဆင်းနေရာတို့တွင် မြေအောက်လူကူးလမ်းများ တည်ဆောက်ရန် တင်ဒါတင်သွင်းနိုင် ပြီဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့သည်အောက်ဖော်ပြပါလုပ်ငန်း(၃)ခုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်

Design and Build တင်ဒါတင်သွင်းလိုသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတိုင်းရင်းသားများပိုင်ပြည်တွင်းကုမ္ပဏီများအား တင်ဒါများတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။

တင်ဒါအမှတ် EDRS/ဝ၄/၂ဝ၁၇-၂ဝ၁၈ ဖြင့် ဗဟန်းမြို့နယ်၊ဦးဝိစာရလန်း(ရွှေတိဂုံဘုရားအနောက်လက်မုဒ်အနီး)Underpass တည်ဆောက်ခြင်း၊တင်ဒါအမှတ် EDRS/ဝ၅/၂ဝ၁၇-၂ဝ၁၈ ဖြင့်

ကမာရွတ်မြို့နယ်၊ပြည်လမ်း(ပညာရေးတက္ကသိုလ်ရှေ့) Underpass တည်ဆောက်ခြင်း၊တင်ဒါအမှတ် EDRS/ဝ၆/၂ဝ၁၇-၂ဝ၁၈ဖြင့် မရမ်းကုန်းမြို့နယ်၊ပြည်လမ်း(ရှစ်မိုင်ခုံးကျော်တံတားအဆင်း)Underpass တည်ဆောက်ခြင်း တို့အတွက် တင်ဒါခေါ်ယူခြင်းဖြစ်သည်။

တင်ဒါများကို နည်းပညာပိုင်းဆိုင်ရာအဆိုပြုလွှာနှင့် ငွေကြေးဆိုင်ရာအဆိုပြုလွှာဟူ၍ သီးခြားစာအိတ်များဖြင့် တင်ဒါတင်သွင်းသူများ လိုက်နာရန်ညွှန်ကြားချက်များ(Instructions to Tenderers)နှင့်အညီ တင်သွင်းရန်ဖြစ်သည်။

တင်ဒါစာရွက်စာတမ်းများကို ၈.၁၂.၂ဝ၁၇ ရက်မှ စ၍ ၂၂.၁၂.၂ဝ၁၇ရက်အထိ အမှတ်(၄၂ဝ/၄၃ဝ)မဟာဗန္ဓုလလမ်း၊ကျောက်တံတားမြို့နယ်၊မြို့တော်ခန်းမ(ဒုတိယထပ်)၊အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

ဆောင်ရွက်မည့်ဒီဇိုင်းပုံစံအပါအဝင် တင်ဒါစာရွက်အပြည့်အစုံကို အထက်ဖော်ပြပါဌာနသို့ ၂၂.၁.၂ဝ၁၈ရက် ညနေ ၁၄းဝဝနာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရပါမည်ဖြစ်သည်။

နောက်ကျတင်သွင်းသော တင်ဒါများကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်းသိရသည်။

၂၂.၁.၂ဝ၁၈ရက် ၁၅းဝဝနာရီတွင် တင်သွင်းသူများရှေ့တွင် စာရွက်စာတမ်းများကို ဖွင့်ဖောက်စစ်ဆေးသွားမည်ဖြစ်သည်။

တင်ဒါခေါ်ယူခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသော အချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာ(လမ်းနှင့်တံတား) ၊တယ်လီဖုန်းအမှတ် ဝ၉၅၁ဝ၃၂၅ဝ သို့ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

The Mirror

Housing Read 145 times