တနင်္သာရီတိုင်းဒေသကြီးအတွင်း အဆောက်အဦ (၂၁)လုံး ဆောက်လုပ်ရန် တင်ဒါခေါ်ယူ


14 November, 2020

၂ဝ၁၇ -၂ဝ၁၈ဘဏ္ဍာရေးနှစ်(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့်တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်တွင် အဆောက်အဦ(၃)လုံး၊ရေဖြူမြို့နယ်(၂)လုံး၊လောင်းလုံးမြို့နယ်(၁)လုံး၊သရက်ချောင်းမြို့နယ်(၁)လုံး၊မြိတ်ခရိုင်တွင် မြိတ်မြို့နယ်(၂)လုံး၊တနင်္သာရီမြို့နယ်(၆)လုံး၊ပုလောမြို့နယ်(၁)လုံး၊ကော့သောင်းခရိုင်တွင် ကော့သောင်းမြို့နယ်(၂)လုံး၊ဘုတ်ပြင်းမြို့နယ်တွင် (၃)လုံး ၊စုစုပေါင်း (၂၁)လုံးအား အဆောက်အဦများဆောက်လုပ်ရန်အတွက် ကုမ္ပဏီများမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်ထားကြောင်း သိရသည်။

တင်ဒါလျှောက်လွှာပုံစံများကို (၉.၁၁.၂ဝ၁၇)ကြာသပတေးနေ့နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲ ထိ ရောင်းချပေးနေကြောင်း သိရသည်။ တင်ဒါပိတ်မည့်ရက်မှာ (၂၂.၁၁.၂ဝ၁၇)ဗုဒ္ဓဟူးနေ့ ညနေ ၄နာရီခွဲဖြစ်ကြောင်း သိရသည်။

တင်ဒါဖွင့်မည့်ရက်မှာ ၂၈.၁၁.၂ဝ၁၇(အင်္ဂါနေ့)နံနက် ၁ဝနာရီတွင် ညွှန်ကြားရေးမှူးရုံး၊သစ်တောဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဖြစ်ကြောင်း သိရသည်။

တင်ဒါအဆိုပြုလွှာတင်သွင်းရမည့်ရက်မှာ ကုမ္ပဏီဆိုင်ရာ အချက်အလက်များနှင့် စံချိန်စံညွှန်းအဆိုပြုလွှာများကို ၂၂.၁၁.၂ဝ၁၇ရက် ညနေ၄နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးသို့ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်သည်။

အဆောက်အဦလုပ်ငန်းတန်ဖိုးအဆိုပြုလွှာကို ၂၈.၁၁.၂ဝ၁၇ နံနက် ၁ဝ နာရီတွင် တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါစည်းမျဉ်းစည်းကမ်းချက်များနှင့် ပတ်သက်၍အသေးစိတ်သိရှိလိုလျှင် နေ့စဉ်ရုံးချိန်အတွင်း အောက်ပါလိပ်စာအတိုင်းလာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူးရုံး၊သစ်တောဦးစီးဌာန၊ထားဝယ်မြို့တနင်္သာရီတိုင်းဒေသကြီး ဖြစ်ပြီး ဖုန်း ဝ၅၉-၂ဝ၂၃၅၃၉ နှင့် ဝ၅၉-၂ဝ၂၃၅၄ဝ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Myanmar Alinn

Housing Read 145 times