မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတွင်အဆောက်အဦဆောက်ရန်အိတ်ဖွင့်တင်ဒါခေါ်


14 November, 2020

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ RC နှစ်ထပ်တစ်လုံးဆောက်လုပ်ရန် အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းသွားရန်ဖိတ်ခေါ်ထားကြောင်း သိရသည်။

တင်ဒါစည်းကမ်းချက်နှင့် အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများကို ၂ဝ.၁၁.၂ဝ၁၇ရက်မှ စ၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး ၁.၁၂.၂ဝ၁၇ ရက် ၁၃းဝဝနာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

၁.၁၂.၂ဝ၁၇ ရက် ၁၄းဝဝနာရီတွင် တင်ဒါဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းရှင်များသည် တင်ဒါအဆိုပြုလွှာနှင့်အတူ အဆောက်အအုံဆောက်လုပ်ခွင့် လိုင်စင်ကုမ္ပဏီမှတ်ပုံတင်မိတ္တူ နှင့် ကုမ္ပဏီ Profile တို့အား ပူးတွဲတင်ပြရမည်ဖြစ်သည်။

တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို ဖုန်း ဝ၄၂-၂၃၆၃၇၊ဝ၄၂-၂၃၆၇၇၊ နှင့် ဝ၄၂-၂၃၉၈၂ သို့ရုံးချိန်အတွင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊သာစည်မြို့နယ်လှိုင်းတက်ဥယျာဉ်ခြံ(၁)တွင် အောက်ဖော်ပြပါလုပ်ငန်းကို မြန်မာကျပ်ငွေဖြင့်ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဌာန(အထက်မြန်မာပြည်)အဆောက်အဦ(၁၈ဝပေ၊၃၅ပေ၊၁၄ပေ)(သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်ခင်း)RC တစ်ထပ်(၃)ဆောင်တွဲ(၁)လုံးတည်ဆောက်မည်ဖြစ်သည်။

တင်ဒါစတင်ရောင်းချမည့်ရက်မှာ ၁၄.၁၁.၂ဝ၁၇ရက်ဖြစ်ပြီး တင်ဒါပိတ်ရက်မှာ ၁၃.၁၂.၂ဝ၁၇ ဖြစ်ကြောင်း သိရသည်။

တင်ဒါရွေးချယ်မည့်နေရာမှာ စိုက်ပျိုးရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူးရုံးဖြစ်သည်။

တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ၊စိုက်ပျိုးရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူးရုံး၊၇၃လမ်း၊သိပ္ပံလမ်းထောင့်၊မန္တလေးတိုင်းဖြစ်ပြီး ဖုန်း ဝ၂-၂၈၄၈၆၅၆၊ဝ၉၂၂၂၁၁၂၈၊ဝ၉၇၇၂၂၂၁၁၂၈ဖြစ်ကြောင်း သိရသည်။

Social Media

Housing Read 174 times