ရွှေဂုံအိမ်ရာပြန်လည် စည်ပင်ရေးစီမံကိန်းရှိ လူနေတိုက်ခန်းများအတွက် အိတ်ပိတ်တင်ဒါခေါ်


09 November, 2020

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊ဓမ္မစေတီလမ်းနှင့် လင့်လမ်းထောင့်၊ရွှေဂုံအိမ်ရာပြန်လည်စည်ပင်ရေး စီမံကိန်းရှိ လူနေတိုက်ခန်းများကို အိတ်ပိတ်တင်ဒါစနစ်ဖြင့် မျက်မြင် အခြေအနေအတိုင်း ပွင့်လင်း မြင်သာစွာ

ရောင်းချမည်ဖြစ်ပါသဖြင့် တင်ဒါအဆိုပြုလွှာများတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။

အဆင့်မြင့်လူနေအိမ်ခန်းပေါင်း ၂ဝအတွက် တင်ဒါအဆိုပြုလွှာ စတင်ရောင်းချမည့်ရက်မှာ ၁၈.၉.၂ဝ၁၇ ဖြစ်ပြီး တင်ဒါ အဆိုပြုလွှာ နောက်ဆုံးတင်သွင်းရမည့်ရက်မှာ ၁၃.၁ဝ.၂ဝ၁၇ခုနှစ်ဖြစ်ကြောင်းသိရသည်။

တင်ဒါအဆိုပြုလွှာရောင်းချမည့်နေရာမှာ ရုံးအမှတ်(၄ဝ)၊အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဆောက်လုပ်ရေးဝန်ကြီးဌာန နေပြည်တော်ဖြစ်သည်။

တင်သွင်းရမည့်နေရာမှာ အမှတ်(၂၂၈/၂၃၄)အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်တိုင်ဒေသကြီး ဖြစ်သည်။

တင်ဒါဖွင့်လှစ်မည့်ရက်အား အကြောင်းကြားပေးမည်ဖြစ်ကြောင်းလည်းသိရသည်။

တိုက်ခန်း(၁)ခန်း၏ကြမ်းခင်းဈေးနှုန်းမှာ (၁)စတုရန်းပေလျှင် ငွေကျပ်(၁.၈၀)သိန်းနှုန်းဖြစ်ကြောင်းသိရသည်။

တင်ဒါအဆိုပြုလွှာပုံစံ၊တင်ဒါစည်းကမ်းများနှင့် အသေးစိတ်အချက်အလက်များကို သိလိုလျှင် (ဝ၆၇-၃၄ဝ၇၇ဝ၁) နှင့် (ဝ၁-၈၂၄၅၆၈၆) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

DUHD

Housing Read 138 times