BYMA ကုမ္ပဏီမှ ဆောက်လုပ်ရေးလုပ်သားများ အလုပ်သမားသမဂ္ဂဖွဲ့စည်းမည်


27 January, 2021

BYMA ကုပ္မဏီမှ ဆောက်လုပ်ရေးလုပ်သားတွေအနေနဲ့ အလုပ်သမားသမဂ္ဂဖွဲ့ဖို့အတွက် လက်ရှိအချိန်မှာဆောင်ရွက်နေတာတွေရှိတယ်လို့ အဆိုပါလုပ်သားတွေထံကနေသိရပါတယ်။

အဆိုပါဆောက်လုပ်ရေးလုပ်သားတွေအနေနဲ့ ကုမ္ပဏီဘက်ကို လုပ်ခလစာ အပြည့်ရဖို့နဲ့ လူမှုဖူလုံရေး ထောက်ပံ့ငွေ၊ လူမှုဖူလုံရေးကတ်တွေ ရရှိဖို့အတွက် ဇန်နဝါရီလ ၁၉ ရက်နေ့ ကအလုပ်သမား ၈၀၀ ခန့်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

BYMA ကမ္ပဏီမှ ဆောက်လုပ်ရေးလုပ်သားတွေအနေနဲ့ အခုလိုအလုပ်သမားသမဂ္ဂဖွဲ့စည်းရတာက အလုပ်ရှင် အလုပ်သမားတွေအဆင်ပြေနိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းဇော်က ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့က သမဂ္ဂဖွဲ့ချင်တယ်ဆိုတာက ကျွန်တော်တို့ အလုပ်သမားတွေအနေနဲ့ အဆင်ပြေစေဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေရရှိနိုင်ဖို့ပါပြီးတော့ အလုပ်ရှင်တွေအနေနဲ့ သူတို့အတွက်လည်းမနစ်နာနိုင်စေဖို့ အတွက်လည်းပါပါတယ်”လို့ ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းဇော်က ပြောပါတယ်။

လက်ရှိအချိန်မှာ အဆိုပါအလုပ်သမားတွေအနေနဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းနိုင်ဖို့အတွက် စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒာစိုး က ပြောပါတယ်။

“ကျွန်မတို့အနေနဲ့သူတို့သမဂ္ဂဖွဲ့ဖို့ အတွက် သူတို့အစိုးရကိုမှတ်ပုံတင်ဖို့အတွက် ပြင်ဆင်နေကြပါတယ်၊ အဲဒီလိုပြင်ဆင်နေတဲ့အပေါ် အစ်မတို့ကသူတို့ကို ဥပဒေနဲ့အညီလျေှက်ထားနိုင်ဖို့အတွက် ပုံစံ(၁)ပုံစံ(၂)ပုံစံ(၄)တို့ကိုသူတို့ဖြည့်စွက်ဆောင်ရွက်နေတာတွေကို ကူညီဆောင်ရွတ်ပေးနေပါတယ် ” လို့ ၎င်းကပြောပါတယ်။

Local Read 415 times