အိမ်တစ်လုံးဝယ်ရင် ခေါင်းမစားရလေအောင် ပြင်ဆင်ထားသင့်သည့် အချက်များ

14 March, 2024

သင့်ရဲ့ ဘဝနေထိုင်မှုပုံစံထဲမှာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ရည်ရွယ်နေပြီလား။ အိမ်ဝယ်ဖို့ စဉ်းစားနေပြီဆိုရင်တော့ ကိုယ်မှန်းထားတဲ့ အိမ်မျိုးဝယ်ဖို့ စဉ်းစားရတာ ရှုပ်ထွေးပြီး ခေါင်းခဲနေမှာ အမှန်ပါပဲ။

ဒါပေမဲ့ အိမ်ဝယ်တော့မယ်ဆိုရင် သိသင့်တဲ့အချက်တွေကို ကြိုတင်လေ့လာခဲ့မယ်ဆိုရင်တော့ အခုလိုမျိုး ခေါင်းခဲနေမှာ မဟုတ်တော့ပါဘူး။ 

ဒါတွေကို ဖြေရှင်းပေးဖို့ အိမ်ဝယ်ခြင်းအဆင့်ဆင့် လမ်းညွှန်ခြင်း နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပြည့်စုံတဲ့နေရာမှာ ပြည့်စုံတဲ့အိမ်တစ်လုံး မရှာခင်မှာ အိမ်ဝယ်မယ့်သူတွေအနေနဲ့ ဒီအချက်တွေကို အရင် သိထားသင့်ပါတယ်။

(၁) သင့်ရဲ့ ဘဏ်စုငွေနှင့် ချေးငွေစာရင်းကို အရစ်စစ်ပါ။

ငွေချေးကုမ္ပဏီကို မဆက်သွယ်ခင် သင့်မှာရှိတဲ့ ဘဏ်စုငွေနဲ့ ချေးငွေကို ဦးစွာစစ်ထားပါ။ သင့်သုံးစွဲမှုအတွက် ကျသင့်ငွေတောင်းခံလွှာ (Bill) ပုံမှန်ပေးရဲ့လား၊ လက်ရှိမှာ သင့်ဆီမှာ အကြွေးဘယ်လောက်ရှိလဲ၊ ငွေချေးခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ စသဖြင့်ပေါ့။ 

အပေါင်စာချုပ်နဲ့ ငွေချေးပေမယ့်သူဟာ သင့်ရဲ့ အကြွေးစာရင်းအဟောင်းတွေကို သိချင်ပါတယ်။ ဒါကြောင့် အကုန်စစ်ထားပါ။ ငွေချေးမယ့်သူတွေဟာ သင့်ရဲ့ ဘဏ်ကဒ်တွေ၊ ပိုင်ဆိုင်မှုနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးမှာမို့ ကြိုတင်ပြင်ဆင်ထားပါ။ 

(၂) သင်ဘယ်လောက် ပမာဏသုံးမလဲဆိုတာ ကြိုတင်မှန်းထားပါ။

အိမ်ဝယ်ဖို့အတွက် သင်ဘယ်လောက် သုံးဖို့ ဆန္ဒရှိလဲဆိုတာ ကြိုတွက်ပြီးရင် ကိုယ်သုံးမယ့် ပမာဏအတွက် အပေါင်စာချုပ်နဲ့ ချေးငွေယူနိုင်မှာ ဖြစ်ပါတယ်။

အခုချိန်ဟာ အိမ်ရာဈေးကွက်ကို သုတေသနပြုလေ့လာဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေကနေတဆင့် အကြံဉာဏ်ရယူပြီး ဘယ်လိုအိမ်မျိုးကို သက်သာစွာနဲ့ ဝယ်နိုင်ဖို့ ဘယ်လိုချေးငွေယူရမလဲဆိုတာတွေကို လေ့လာထားပါ။

(၃) အိမ်ခြံမြေအကျိုးဆောင်တစ်ယောက် ရှာပါ။

သင့်ရဲ့ အိမ်ဝယ်မယ့်လုပ်ငန်းစဉ်တစ်ခုလုံးမှာ ကူညီပေးဖို့ အကျိုးဆောင်တစ်ယောက်ရှာပါ။ အရင်ခေတ်တွေတုန်းကတော့ အိမ်ခြံမြေအကျိုးဆောင်တွေကို တကူးတကရှာဖွေပြီး ရွေးချယ်တဲ့ အလေ့အကျင့်မရှိပါဘူး။

ဒါပေမဲ့ အခုချိန်မှာတော့ ကိုယ်နဲ့အဆင်ပြေမယ့် အကျိုးဆောင်ဆီသွားပြီး စကားပြောကြည့်ပါ။ ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် အကျိုးဆောင်ကို ရွေးချယ်ငှားပါ။

(၄) ငွေထုတ်ချေးမယ့် ကုမ္ပဏီဆီက စရံငွေ ကြိုတင် ရယူထားပါ။

သင့်ကို ငွေထုတ်ချေးမယ့် ကုမ္ပဏီဆီက စရံငွေ ကြိုတင် ရယူထားခြင်းဟာ စိတ်ချရတဲ့ စီစဉ်မှုတစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းပေမယ့် ငွေချေးမယ့်ကုမ္ပဏီဆီက ကြိုတင်ခွင့်ပြုချက်ရထားပြီဆိုရင် သင်ဝယ်မယ့် အိမ်ရဲ့ အိမ်ပိုင်ရှင်က သင့်အပေါ်မှာ ယုံကြည်မှု ပိုရှိမှာဖြစ်ပါတယ်။ 

(၅) အိမ်စရှာလို့ရပါပြီ

သင့်ရဲ့ အိမ်ရှာရှော့ပင်းအစီအစဉ်ကို စတင်လို့ရပါပြီ။ ဒီအချိန်မှာ သင်ငှားထားတဲ့ အိမ်ခြံမြေအကျိုးဆောင်နဲ့ စကားပြောဖို့ လိုအပ်ပြီး သင်တို့နှစ်ယောက်လုံး ခေါင်းချင်းဆိုင်ဆွေးနွေးရမယ့် အချိန်ပါပဲ။

သင်လိုချင်တဲ့အချက်အလက်တွေနဲ့ အနီးစပ်ဆုံးကိုက်ညီမယ့် အိမ်ရာတွေကို အကျိုးဆောင်က ယူလာခဲ့မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေ၊ Listing တွေကို လိပ်စာတွေအတိုင်း သွားရောက်ကြည့်ရှုရမှာဖြစ်ပါတယ်။

(၆) သင့်တော်တဲ့ ငွေကြေးပေးမယ်လို့ ပြောထားပါ။

အိမ်ဝယ်မယ့်သူအများစုအတွက် ဒီအချက်ဟာ လိုအပ်ပါတယ်။ တကယ်လို့ သင်လိုချင်တဲ့အိမ်ကို ရှာတွေ့ခဲ့ပြီဆိုရင် သင့်တော်တဲ့ ငွေကြေးပေးမယ်လို့ ပြောပါ။

ဒီနေရာမှာ သင့်အကျိုးဆောင်ပေးထားတဲ့ အိမ်ခြံမြေအရောင်းအဝယ် Listing ထဲမှာ ဖော်ပြထားတဲ့ ဈေးနှုန်းကို သတိရပါ။

သင့်ရဲ့ အကျိုးဆောင်က ဈေးကွက်ကို နားားလည်ပြီး သင့်ကို အကောင်းဆုံး လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။ သင်ကြိုက်တဲ့အိမ်ကို တကယ်တွေ့ပြီဆိုရင်တော့ ရွေးချယ်နိုင်မှာဖြစ်ပြီး၊ မကြိုက်သေးဘူး ဆိုရင်တော့ အဆင့်(၅)ကို ပြန်လည်လုပ်ဆောင်ပါ။

(၇) နေရာအထားအသိုအတွက် အိမ်ကို စစ်ဆေးခြင်း။

အဆင့် (၆) အတိုင်း သင့်ရဲ့ သင့်တော်တဲ့ ငွေကြေးကို သဘောကျလို့ သင့်ကို ရောင်းမယ့်သူက လက်ခံလိုက်ပြီဆိုရင်တော့ သင့်အနေနဲ့ အိမ်ရဲ့ ဘယ်နေရာမှာ ဘယ်ပစ္စည်းတွေ ထားမလဲဆိုတာကို တိုင်းတာပြီး နေရာချဖို့ အချိန်ယူပြင်ဆင်ပါ။

(၈) စာချုပ်ချုပ်မယ့်နေ့

အထက်ပါလုပ်ဆောင်ချက်တွေ ပြီးသွားပြီဆိုရင်တော့ သင်အိမ်ပိုင်ဆိုင်မယ့် အကြီးမားဆုံးနေ့တစ်နေ့ကို ရောက်လာပါပြီ။ သင့်အနေနဲ့ လက်မှတ်ထိုးဖို့ စာချုပ်ကို သေချာဖတ်ပါ။ ပြင်ဆင်ချင်တဲ့ အချက်မရှိတော့ဘူး၊ အားလုံးသဘောတူလက်ခံတယ်ဆိုမှ လက်မှတ်ထိုးပါ။

သင့်အနေနဲ့ စိတ်ပင်ပန်းနေမယ်ဆိုပေမဲ့ ဒီအဆင့်ကတော့ သင့်ရဲ့အိမ်ကိစ္စ ရှာပုံတော် ပြီးဆုံးဖို့ နီးစပ်လာခဲ့ပါပြီ။

(၉) အာမခံရယူခြင်းနှင့် အသုံးဝန်ဆောင်လုပ်ငန်း စတင်ပါ။

အိမ်ပိုင်ဆိုင်သွားပြီဆိုရင်တော့ အာမခံကုမ္ပဏီဆီမှာ သင့်ရဲ့ အိမ်အတွက် အာမခံထားပါ။ သင်က အိမ်ရှင်အသစ်ဖြစ်ကြောင်း အာမခံကုမ္ပဏီကိုပြောပြီး မူဝါဒအသစ်တွေ ရေးဆွဲခိုင်းပါ။ တကယ်လို့သင့်ဆီမှာ အာမခံကုမ္ပဏီမရှိရင်တော့ အခုချက်ချင်းရှာရတော့မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် သင့်ရဲ့ ငွေချေးကုမ္ပဏီရဲ့ စည်းကမ်းချက်ထဲမှာ အာမခံလုပ်ဖို့ ကိစ္စ ပါဝင်လို့ဖြစ်ပါတယ်။

ဒ့ါအပြင် သင်သုံးစွဲမယ့် လျှပ်စစ်၊ မီး၊ ရေ စတဲ့ အသုံးဝန်ဆောင်မှုတွေအတွက် သက်ဆိုင်ရာဌာနတွေဆီ သွားပြီး သင်အိမ်ပေါ် စနေမယ့် နေ့ကို အသိပေးပါ။

(၁၀) အိမ်သော့ယူပြီး ပစ္စည်းတွေစရွှေ့လို့ရပါပြီ

ဒါဆိုရင် သင်ကိုယ်တိုင် ရွေးချယ်ထားတဲ့ အကြိုက်ဆုံးအိမ်တစ်လုံး ရသွားပါပြီ။ အိမ်ဝယ်ခြင်း ခရီးစဉ်ကနေ အိမ်ပိုင်ခြင်းခရီးစဉ်ကို ဒီနည်းလမ်းတွေနဲ့ ကြိုတင်ပြင်ဆင်ပြီး စတင်လိုက်ပါ။ 

Source - https://themortgagereports.com/68062/8-things-to-do-now-to-prepare-to-buy-a-house

Read 192 times