ဆိုးလ်မြို့တော် အိမ်ရာတိုက်ခန်းများ ဈေးနှုန်းဝင်ငွေအချိုး ၁၅ ဒသမ ၂ သို့ ရောက်ရှိ


26 December, 2023

ဆိုးလ်မြို့တော် အိမ်ရာတိုက်ခန်းများ ဈေးနှုန်းဝင်ငွေအချိုး ၁၅ ဒသမ ၂ သို့ ရောက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်တွင် နေထိုင်သူသည် အိမ်ရာတိုက်ခန်း တခန်းဝယ်ရန် ၁၅ နှစ်တိုင်တိုင် မိသားစု၀င်‌ေငွ တစ်ပြားတစ်ချပ်မှ မသုံးဘဲ စုဆောင်းဖို့ လိုမည်ဟု အစိုးရမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် ဆိုးလ်မြို့‌ေတာ်မှ အိမ်ရာတိုက်ခန်းများအတွက် စျေးနှုန်းဝင်ငွေအချိုး Price Income Ratio PIR သည် ၁၅.၂ ဖြစ်သည်ဟု မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။

PIR သည် ဒေသတစ်ခု၏ ပျမ်းမျှအိမ်စျေးနှုန်းကို ၎င်းဒေသ၏ ပျမ်းမျှနှစ်စဉ်အိမ်ထောင်စုဝင်ငွေဖြင့် အချိုးချခြင်းကို  ရည်ညွှန်းသည်။

ဆိုးလ်မြို့တော်၏ PIR သည် ၂၀၁၈ ခုနှစ်တွင် ၉.၆ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် PIR သည် ၁၄.၁ ရှိခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခဲ့ရာ ၂၀၂၂ ခုနှစ်တွင် ၁၅.၂ သို့ ရောက်ရှိလာသည်။ 

တောင်ကိုရီးယား တနိုင်ငံလုံး ပျမ်းမျှချကြည့်လျှင် PIR သည် ၂၀၂၁ ခုနှစ်တွင် ၆.၇ ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ၆.၃ သို့ လျော့ကျသည်။

ဆိုးလ်မြို့တော်ထက် PIR ပိုမြင့်သည့်နေရာဖြစ်ပြီး တောင်ကိုရီးယားတွင်အမြင့်ဆုံးနေရာမှာ စေးဂျုံမြို့ Sejong ဖြစ်ပြီး PIR မှာ ၉.၃ ဖြစ်ပါသည်။ 
တောင်ကိုရီးယားတွင် PIR ဒုတိယအမြင့်ဆုံး နေရာမှာ ချုံဂီ Gyeonggi ဖြစ်ပြီး PIR မှာ ၈.၉ ဖြစ်ပါသည်။

အိမ်ရာတိုက်ခန်း မပိုင်သော အိမ်ထောင်စုများသည် အိမ်ငှားခ ပေးဆောင်ရသည့် လေးလံသောဝန်ထုပ်ဝန်ပိုးကို ထမ်းထားကြရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လစဉ် အိမ်ရာတိုက်ခန်း ငှားရမ်းခနှင့် အိမ်ထောင်စု လစဉ်ဝင်ငွေ အချိုးဖြစ်သည့် ငှားရမ်းခ ဝင်ငွေ အချိုး Rent Income Ratio RIR သည် ၂၀၂၂ တွင် ၁၆ ဖြစ်ပါသည်။ 

Source koreaherald 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Tips Read 293 times