ဗိုလ်ဗထူးအိမ်ရာ ဝယ်ယူသူများ သတ်မှတ်ရက်အတွင်းငွေပေးသွင်းခြင်းမရှိပါက ဝယ်ယူခွင့်ရရှိသူစာရင်းမှ ပယ်ဖျက်


16 November, 2020

ရန်ကုန်မြို့ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ(တတိယအဆင့်)တိုက်ခန်း ပထမအရစ်အတွက် ငွေပေးသွင်းမှုအား သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက

တိုက်ခန်းဝယ်ယူခွင့်ရရှိသူစာရင်းမှ ပယ်ဖျက်၍ အခြားဝယ်လိုသူများထံသို့ ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် Myanmar VPileCo.,LTd မှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်၊ဗိုလ်ဗထူး လမ်းဘေးရှိဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာများကိုအကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည်။

ယင်းဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ(တတိယအဆင့်)ရှိ တိုက်ခန်းများအားမဲဖောက်ရောင်းချပေးခဲ့ပြီးတိုက်ခန်းဝယ်ယူခွင့်ရရှိသူများသို့ တိုက်ခန်းဖိုးငွေပထမအရစ် ကျသင့်ငွေအား ၂ဝ၁၇ခုနှစ်

အောက်တိုဘာလ ၁၇ရက်မှ ဒီဇင်ဘာလ ၁၇ရက်အတွင်း ငွေပေးသွင်းရန် ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တိုက်ခန်းများအတွက် ပထမအရစ်ငွေပေးသွင်းမှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဆယ်ထပ်ရုံး မြေညီထပ်တွင် ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ ၁၇ရက်တွင် နောက်ဆုံးထားပေးသွင်းကြရမည်ဖြစ်သည်။

ထို့ကြောင့် တိုက်ခန်းဝယ်ယူခွင့်ရရှိသူများအနေနှင့် အဆိုပါ သတ်မှတ်ရက်အတွင်းငွေပေးသွင်းခြင်းမရှိသောတိုက်ခန်းများအား ဝယ်ယူခွင့်ရရှိသူစာရင်းမှ ပယ်ဖျက်၍အခြားဝယ်လိုသူများထံသို့ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Public Housing Read 80 times