"တထပ်ဝယ် တထပ်အခမဲ့" ရောင်းမထွက် တရုတ်အိမ်ရာဈေးကွက် အခြေအနေ ဆိုးဝါးနေ


06 August, 2023

"တထပ်ဝယ် တထပ်အခမဲ့" ရောင်းမထွက် တရုတ်အိမ်ရာဈေးကွက် အခြေအနေ ဆိုးဝါးနေ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တဝက်တပျက် ဆောက်လက်စတန်းလန်း စွန့်ပစ်ထားပုံရသည့် အိမ်ရာတိုက်တာ စီမံကိန်းများကို တရုတ်ပြည် အရှေ့ပိုင်း အန်းဟွေးပြည်နယ် တောင်လင်းမြို့တွင် တွေ့မြင်နေကျဖြစ်သည်။
"တထပ်ဝယ် တထပ်အခမဲ့"ဟု ဆိုင်းဘုတ် ထောင်ထားသည်။

 

Buy one floor, get one free "တထပ်ဝယ် တထပ်အခမဲ့" ဆိုင်းဘုတ်

 

ရက်ရက်ရောရော တထပ်လုံး အခမဲ့ ပေးနေသော်လည်း ရောင်းဈေး ယွမ် ၁.၄၅ သန်း ($202,000) သည် လူအများစုအဖို့ လက်လှမ်းမမီနိုင်အောင် ဈေးမြင့်မားနေသည်။ မြို့နေလူထု အများစု၏ လစာမှာ ပျမ်းမျှ ယွမ် ၃၀၀၀-၄၀၀၀ သာ ရရှိကြသည်။

"တကယ်လို့ သူတို့က ဈေးသက်သာအောင် လုပ်ပေးရင်တောင် ဝယ်မယ့်သူ ရှိမှာ မဟုတ်ဘူး" ဟု မြို့ခံတို့က ပြောပြကြသည်။


မရောင်းရသေးသော အိမ်ရာတိုက်ခန်းများသည် တရုတ်အိမ်ခြံမြေဈေးကွက် နက်ရှိုင်းစွာ ကျဆင်းနေခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်။ ထိုအချက်ကို မူဝါဒ ရေးဆွဲသူများ ဝန်ခံစ ပြုလာပြီ ဖြစ်သည်။
ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုကလည်း အသိအမှတ်ပြုသည်။
နောက်ဆုံးကျင်းပခဲ့သည့် ဇူလိုင် ၂၄ ရက် အစည်းအဝေးတွင် "တရုတ်အိမ်ခြံမြေဈေးကွက်ရှိ ရောင်းလိုအားနှင့် ဝယ်လိုအားကြား ဆက်နွှယ်ပုံတွင် ကြီးမားသောပြောင်းလဲမှုများ"ဟု စကားလုံး အခန့်အထည်ဖြင့် မှတ်ချက်ပြုခဲ့သည်။
တောင်လင်းမြို့ကဲ့သို့သော မြို့ငယ်များတွင် ဝယ်ယူမည့်သူ အထူးတလည် ရှားပါးနေသည်။ ရောင်းချမည့် အိမ်ရာတိုက်ခန်း အသစ်များက များပြားနေသည်။ 
Minsheng Securities မှ ဆန်းစစ်သူ . Zhou Junzhi က အိမ်ရာတိုက်ခန်းအသစ်များ နောက်ထပ် ၁၃ နှစ် ဆက်ရောင်းဖို့ ကျန်နေသေးသည်ဟု ခန့်မှန်းသည်။

အိမ်ရာတိုက်ခန်း အသစ်များ၏ စုစုပေါင်း ကြမ်းခင်းဧရိယာအရ နိုင်ငံတဝှမ်း ရောင်းအားသည် ၂၀၂၂ ခုနှစ်တွင် ၂၆.၈% ကျဆင်းခဲ့သည်။ ယခုနှစ် ၂၀၂၃ ခုနှစ် ပထမ နှစ်ဝက်တွင် နောက်ထပ် ၂.၈% ကျဆင်းခဲ့ပြန်သည်။

အိမ်ခြံမြေ စီးပွားရေးကဏ္ဍမှ ကုမ္ပဏီများ ပြိုလဲသဖြင့် ဝန်ထမ်း ၁ သိန်းဝန်းကျင် ယမန်နှစ်က အလုပ်ပြုတ်ခဲ့ကြသည်။ 
 အလုပ်ပြုတ်သည့် ဖြစ်ရပ်များသည် အိမ်ရာတိုက်ခန်းအသစ် ဝယ်ယူရန် လက်တွန့်စေသည်။

တရုတ်လူဦးရေသည် အစဉ်တိုးများခဲ့ရာမှ ၂၀၂၂ နှစ်ကုန်တွင် နှစ်ပေါင်း ၆၁ နှစ်အတွင်း ပထမဆုံးအကြိမ် လူဦးရေ ဆုတ်ယုတ်ခဲ့သည်။ လူဦးရေ လျော့ကျလျှင် အိမ်ရာအသစ် ရောင်းအားကို ထိခိုက်သည်။

တချိန်က အိမ်ခြံမြေ ဈေးကွက်ထဲ အရောင်းအဝယ်များ များခဲ့ပြီး ဈေးများ ဆွဲတင်ခဲ့ကြသည်။ ဈေးကစားပြီး အမြတ်ထုတ်ကြသဖြင့် တရုတ်အစိုးရက “အိမ်ရာသည် ဈေးကစားဖို့ မဟုတ်၊  နေထိုင်ရန် ဖြစ်သည်” ဟူသော ဆောင်ပုဒ်ဖြင့် အိမ်ခြံမြေပူဖောင်းကို ထိန်းချုပ်ပးကြပ်မတ်ခဲ့သည်။
ယခုကျင်းပခဲ့သည့် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အစည်းအဝေးတွင် ၎င်းဆောင်ပုဒ် ဖယ်ထုတ်ထားသည်။ 
အိမ်ခြံမြေ စီးပွားရေးကဏ္ဍသည် တရုတ် ဂျီဒီပီ၏ ၃၀% ဝန်းကျင်ရှိသည်။ ဝယ်လိုအား တအားကောင်းခဲ့စဉ် လျင်မြန်စွာ ကြီးထွားပြီး ဂျီဒီပီကို ကျေးဇူးပြုပေးခဲ့သည်။ ယခုအခါ အိမ်ခြံမြေ စီးပွားရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေးအတွက် လေးလံလှသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်။

Source Nikkei Asia 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Read 226 times