မြန်မာနိုင်ငံ အပါအဝင်ကမ္ဘာ့ နိုင်ငံများမှ စိတ်ခွန်အားပေးစေသည့် အဆောက်အအုံများ


21 November, 2020

ကမ္ဘာ့နိုင်ငံအသီးသီးများတွင်နိုင်ငံအလိုက် အဆောက်အအုံများ၊ရုပ်တုများ ကျော်ကြားလျက်ရှိသည်။

ထို အဆောက်အအုံများသည် မြင်ရုံတွေ့ရုံမျှဖြင့် စိတ်ခွန်အားပေးစေသည့် နိုင်ငံ အဆောက်အအုံများဖြစ်သည်။ယင်းအဆောက်အအုံများမှာ

1.The Dancing House

Dancing House လို့အမည်ရှိတဲ့ ပါရာဂွေးနိုင်ငံ၏ Nationale-Nederlanden ကိုခရိုအေးရှား-ချက်စ် ဗိသုကာပညာရှင် Valdo Milunic နှင့် ကနေဒါ-အမေရိကန် ဗိသုကာပညာရှင် Frank Gehry တို့တည်ဆောက်ခဲ့သည်။

အဆိုပါအဆောက်အဦးကို ပုံမှန် မဟုတ်သော ဗိသုကာလက်ရာများနှင့် ကွန်ကရစ်ပြား ၉၉ ပြားကို မတူညီတဲ့ မျက်နှာပြင်များဖြင့် တည်ဆောက်ထားပါသည်။၎င်းနေရာမှ Czech national Bank အဖြစ်

ချက်စ် ရွှေ ၂ဝဝဝ ကို ထုတ်ဝေခဲြ့ပီး လူများစိတ်ဝင်စားခဲ့ကြသည်။

 

2.Lotus Temple

အဆိုပါ Lotus Temple ၄ဝ မီတာအမြင့် ရှိသောခန်းမအဖြစ်ဖွင့်လှစ်ထားပြီး ကြာပွင့် ၂၇ ချပ်ဖြင့်ဆောက်လုပ်ထားပြီး နယူးဒေလီမြို့၏ Baha`i House ဖြစ်ပါသည်။

၎င်းမှာတံခါး၉ပေါက်ရှိပြီး လူပေါင်း ၂၅ဝဝ ဝင်ရောက်နိုင်သည်။၎င်း၏မျက်နှာပြင်များကို Parthenon တည်ဆောက်ထားသကဲ့သို့ ဂရိ နိုင်ငံ Mount Pentelicus မှ အဖြူရောင် စကျင်ကျောက် များဖြင့် ပြုလုပ်ထားပါသည်။

၁၉၈၆ ခုနှစ်တွင်ပြီးစီးခဲ့ပြီး လူပေါင်း ၁ဝဝကျော်သွားရောက်လည်ပတ်ခဲ့ပြီးကမ္ဘာပေါ်တွင်အများဆုံးလည်ပတ်ခဲ့သောနေရာ တစ်ခုဖြစ်လာသည်။

 

3.Dome of the Rock

Jerusalm မြို့တွင်တည်ရှိပြီး လက်ရာမြောက်သော အစ္စလာမ်ဗိသုကာလက်ရာ, ကျောက်အမိုးများဖြင့် ၇ ရာစုကတည်ဆောက်ခဲ့သည်။၆၈၇ နှင့် ၆၉၁ အတွင်း Caliph Abd al-Malik ကတည်ဆောက်ခဲ့ပြီး

octagonal အစီအစဉ် နှင့် သစ်သားအမိုးခုံးတို့သည် Byzantine ဒီဇိုင်းဖြစ်သည်။အပြင်ပိုင်းနှင့်အတွင်းပိုင်းကို စကျင်ကျောက်များဖြင့် ၁၅၆၁ တွင် Suleiman အနေဖြင့်ထည့်သွင်းခဲ့ပါသည်။

သက်တမ်းရင့်သော အစ္စလာမ် အထိမ်းအမှတ် အဆောက်အဦးဖြစ်ပြီး ကျောက်အမိုးခုံးများသည် ဗိသုကာလက်ရာနှင့်အနုပညာအဖြစ်တင်စားခဲ့သည်။

 

4.La Pedrera

နာမည်မကျော်ကြားသော ဗိသုကာပညာရှင် Antoni Gaudi ၏ပုံမှန်မဟုတ်သော လှပသည့် ဘာစီလိုနာမြို့၏လမ်းများထဲမှ အသိုက်ကဲ့သို့ အဆောက်အဦးများဖြစ်သည်။

၎င်း၏ရှေးကျသော အနုပညာ လက်ရာများနှင့်အချို့သောအဆောက်အဦးဖန်တီးမှုများ သည် ကမ္ဘာပေါ် တွင် အမြဲ မြင့်တွေ့နေကျဖြစ်သည်။ La Pedrera ကတော့ချွင်းချက် ဖြစ်သည်။

ဗိသုကာသမိုင်းတွင် စိတ်ကူးရင်အဆန် ဆုံးအိမ်တစ်ခုဖြစ်ပြီး ပန်းပုလက်ရာထက်ပိုသောအဆောက်အဦးဖြစ်သည်။၁၉၈၄ တွင် ကုလသမဂ္ဂပညာရေး,သိပ္ပံနှင့်ယဉ်ကျေးမူအဖွဲ့(ယူနက်စကို)ကရှေးဟောင်းမွေ အနှစ်အဖြစ်သတ်မှတ်ခဲ့ကြသည်။

 

5.St Paul`s Cathedral

St Paul`s ဘုရားရှစ်ခိုးကျောင်းသည် လန်ဒန်မြို့၏အထင်ကရ အဆောက်အဦး ဖြစ်ပြီး အင်္ဂလိပ် ဗိသုကာပညာရှင် ခရစ္စတိုဖာဝရိမ်း ၏ဒီဇိုင်းဖြစ်သည်။

Lugate Hill ၏ထိပ်ဆုံးတွင်ရှိပြီး လန်ဒန်မြို.၏အမြင့်ဆုံးဖြစ်သည်။၎င်းသည်ကမ္ဘာပေါ်တွင်အကြီးဆုံးနှင့်ကျော်ကြားဆုံးအမိုးအခုံးဖြစ်ပြီးတိုင်းတာချက်အရ ၁၁၂မီတာ အမြင့် ရှိသည်။

မူလဘုရားကျောင်းအား ၆ဝ အေဒီတွင်တွေ့ရှိခဲ့သည်။Londan မြို့တွင် ကြီးမားသော မီးလောင်မှု နောက် ၁၇ရာစုတွင် ခရစ္စတိုဖာရိန်းက မူလဘုရားကျောင်း ပေါ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။

ဝရိမ်းဟာ ၁၆၆၈ တွင် သူ၏ ဒီဇိုင်းကို ဘုရားကျောင်းအတွက် ရေးဆွဲခဲ့ပြီးနှစ် ၄ဝ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ဆောင်ခဲ့သည်။St Paul`s သည်မြို့တော်၏ ခရီးသွားခြင်းနှင့်ဘာသာရေးလုပ်ငန်းများ၏

အဓိကနေရာဖြစ်လာခဲ့သည်။မကြာသေးမှီကဆန္ဒပြသူများ၏ အဓိကနေရာဖြစ်ခဲ့သည်။

 

6.City Hall

၁၉၂၅ မှ ၁၉၄ဝ ခုနှစ်အတွင်း တဆင့်ပြီး တဆင့်ဆောက်လုပ်ခဲ့ရပြီး မြို့တော် ခန်းမသည် ဥရောပလက်ရာနှင့် မြန်မာ့ရိုးရာဗိသုကာ လက်ရာတို့ ကို ပေါင်းစပ်ထားသည့်ပုံစံ ထူးခြားသော ဗိသုကာ လက်ရာရှိသည်။

ထိုနေရာတွင် မြို့တော်ခန်းမ မတည်ဆောက်ခင်က ကပွဲခန်းမ တစ်ခုဖြစ်သည့် Rippon Hall တည်ရှိခဲ့ပြီး ၁၈၈၆ခုနှစ် တွင် မြူနီစပယ်ရုံး အဖြစ် ပြောင်းလဲခဲ့သည်။ မြို့တော်ပိုမိုဖွံဖြိုးလာ သည်နှင့်အမျှ

၁၉၁၀ ပြည့်လွန်နှစ်များတွင် မြူနီစပယ်အဖွဲ့၏ လုပ်ငန်းဆောင်တာများသည် Rippon Hall နှင့် မလုံလောက်တော့ ဘဲ မြို့တော်ခန်းမအသစ်တစ်ခုကို တည်ဆောက်ရန်ဖြစ်လာသည်။

အဆောက်အအုံဒီဇိုင်းကို မြန်မာ့ရိုးရာအငွေ့အသက်များ ထည့်သွင်းရန် တောင်းဆိုမှု များရှိလာပြီး မြန်မာ့ခေတ်ပေါ်ဗိသုကာပညာရှင်တစ်ဦးဖြစ်သူ မှ ယခင်ရှိပြီးဒီဇိုင်းကို ပြုပြင်ရေးဆွဲ ခဲ့ခြင်းဖြစ်သည်။

မြို့တော်ခန်းမသည် အဆိုပါ ပေါင်းစပ်ဗိသုကာလက်ရာကြောင့် ထူးခြားရုံမက ထင်ရှားသည့် သမိုင်းဖြစ်ရပ်များနှင့်လည်း ဆက်စပ်နေသည်။

 

7.Sydney Opera House

Sydney ၏ သင်္ကေတ တစ်ခုဖြစ်ပြီး သြစတေးလျ ရှိ Sydney Harbour တွင် တည်ရှိသည်။

၁၉၇၃ ခုနှစ်တွင် Queen Elizabeth II မှ ဖွင့်လှစ်ခဲ့ပြီး ယခုနေ့ရက်တိုင် မပြည့်စုံမှုများရှိနေသေးသော်လည်း ၂ဝရာစု တွင် အကောင်းဆုံး အဆောက်အဦးအဖြစ်

တစ်ကမ္ဘာလုံး အသိအမှတ်ပြုကြသည်။ကမ္ဘာ့အဆင့်မီ ဖျော်ဖြေရေးအနုပညာစင်တာတစ်ခုဖြစ်ပြီး Sydney နှင့် Australian ယဉ်ကျေးမှု ဆိုင်ရာ သင်္ကေတ တစ်ခုဖြစ်လာသည်။

ယင်း နေရာအား ဒိန်းမတ် ဗိသုကာ ပညာရှင် Jorn Utzon မှ ဖန်တီးခဲ့သည်။


8.Leaning Tower of Pisa

အီတလီရှိ Pisa မြို့တွင် Piazza dei Miracoli (အံ့ဖွယ် ရင်ပြင်) ဟူ၍ လူသိများသော Piazza del Duomo တွင် တည်ရှိသည်။

Pisa တာဝါသည် စကျင် ကျောက်အဖြူနှင့် ပြုလုပ်ထားသော ဘုရားရှိခိုးကျောင်းများ ၏ခေါင်းလောင်းမျှော်စင် ဖြစ်သည်။၁၁၇၃နှစ်ကုန်ပိုင်းခန့် တွင် ဆောက်လုပ်ခဲ့သည်။

ယင်းတာဝါသည် အမြင့်ပေ ၁၈၄ ပေ မြင့်ပြီး အလေးချိန်မှာ ၁၄,၅ဝဝတန်ရှိသည်။

9.Cologne Cathedral

ဂျာမနီတွင် တည်ရှိသော Cologne Cathedral သည် ရှည်လျား သည့် သမိုင်းရှိသော ဘုရားရှိခိုးကျောင်းတစ်ခုဖြစ်သည်။ အေဒီ ၁၂၄၈ တွင် အခြေခံ အုတ်မြစ် ဖောင်ဒေးရှင်းချခဲ့ခြင်းဖြစ်သည်။နှစ်ပေါင်း ၇ဝကျော် ကြာသည့်အခါမှ

ဘုရားရှိခိုးကျောင်းအတွင်းပိုင်းပရိဘောဂနှင့် အလှဆင်ခြင်း များဖြင့် ပြည့်စုံလာခဲ့သည်။အမြင့်ပေ ၅၁၅ပေ မြင့်သော ထို ဘုရားကျောင်းအား ၁၂ရာစုမှ ၁၆ရာစုကြား ဥရောပတွင်ခေတ်စားခဲ့သည့်

ဗိသုကာ လက်ရာပုံစံမျိုးဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။

10.Burj Khalifa

ယခင်က Burj Dubia ဟုသိကြပြီးနောက်ပိုင်းတွင် Burj Khalifa ဖြစ်လာသည်။ဒူဘိုင်းတွင် တည်ရှိသော အဆောက်အဦတစ်ခုဖြစ်သည်။အမြင့်မှာ ၂၇၂၃ ပေ မြင့်ပြီး၁၆၃ ထပ်ရှိ၍ ၂ဝဝ၉ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

11. Petronas Towers

Kuala Lumpur တွင် ရှိသောလူသိများသည့် Twin တာဝါလည်း ပါဝင်နေပါတယ်။အမြင့်ဆုံးအဆောက်အဦးတစ်ခုအဖြစ် နံပါတ် ၇နေရာမှာ ရှိနေပါတယ်။၁၄၈၃ပေ မြင့်ပြီး ၈၈ထပ်ရှိပါသည်။ယခုအချိန်တွင် ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦးအဖြစ် မှတ်တမ်းဝင်နေပါသေးတယ်။

Global Tips Read 21 times