Building Information Modelling (BIM) သင်တန်းကြောင့် အချိန်နှင့်ကုန်ကျစရိတ် လျှော့ချနိုင်မည်


18 December, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် BIM Myanmar Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် Building Information Modelling (BIM) သင်တန်းသည် အဆင့်မြင့်နည်းပညာကို အခြေခံသည့် တည်ဆောက်ရေး လုပ်ငန်းစနစ်ကြောင့် အချိန်နှင့်ကုန်ကျစရိတ် လျှော့ချလာနိုင်ကာ နိုင်ငံတော်၏ GDP ကိုပါ တစ်ဖက်တစ်လမ်းက တိုးတက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိရန်နိုင်စေရန် ဖွင့်လှစ်ခြင်း ဖြစ်သည်။

အင်ဂျင်နီယာများအား အရည်အသွေးနှင့် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် (BIM) သင်တန်းသည် ---

လုပ်ငန်းအပ်နှံသူများ၏ လိုအပ် ချက်များကို BIM Model တွင် ကြိုတင်ကြည့်ရှုကာ ဖြည့်ဆည်းပေးနိုင်ခြင်း၊

စီမံကိန်းလုပ်ငန်း စနစ်များအား စီမံကိန်းမစတင်ခင်ကတည်းက ကြိုတင်ညှိနှိုင်းထားပြီး ဖြစ်ခြင်း၊

နယ်ပယ် အားလုံးမှ ကျွမ်းကျင်သူများအနေနှင့် သူ့ဘက်ကိုယ့်ဘက် စည်းမခြား/ ဘောင်မခတ်ဘဲ ဘုံရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊

လိုအပ်သော ဒီဇိုင်းများအား စီမံကိန်းမစတင်ခင်ကတည်းက အတည်ပြုလက်စသပ်နိုင်ခြင်း၊

Digitalized လုပ်ပြီး သိမ်းဆည်းထားနိုင်သည့်အတွက် အချိန်နှင့်တစ်ပြေးညီ ပြန်လည်အသုံးချနိုင်စွမ်းရှိခြင်း၊

ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရာတွင် အချက်အလက် အတိအကျ စုစည်းထိန်းသိမ်းထားနိုင်သည့်အတွက် လုပ်ငန်းစဉ်များ ပိုမိုချောမွေ့ပြီး ပြင်ထိန်း စရိတ်လျှော့ချသွားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိရန်နိုင်စေရန် ဖွင့်လှစ်ခြင်း ဖြစ်သည်။

How To Read 148 times