တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်မည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကွန်ရက် တည်ဆောက်


01 January, 2020

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နေသည့် သဘာဝဓာတ်ငွေ့များကို တစ်နိုင်ငံလုံးဖြန့်ဖြူးပေးနိုင်ရန်အတွက် ပိုက်လိုင်းကွန်ရက်ကို ဖြန့်ကြက်တည်ဆောက်နိုင်ရန် လိုအပ်၍ ထိုပိုက်လိုင်းများသည် သဘာဝဓာတ်ငွေ့သာမက LNG (သဘာဝဓာတ်ငွေ့ရည်) များ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနိုင်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက် တည်ဆောက်ရေးပင်မစီမံကိန်း (Master plan) ရေးဆွဲရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းသည့် ဒေသများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် ကမ်းလွန်လုပ်ကွက် A-6 သည် ရေနက်ပိုင်းမှသဘာဝဓာတ်ငွေ့ကို စတင်ထုတ်လုပ်မည်ဖြစ်ပြီး ပြည်တွင်းသဘာဝဓာတ်ငွေ့လိုအပ်ချက်များကို တစ်စိတ်တစ်ပိုင်း ဖြည့်တင်းပေးနိုင်မည် ဖြစ်သည်။

ကုန်းတွင်းလုပ်ကွက်များတွင် အထွက်နှုန်းကျဆင်းနေခြင်းသဖြင့် ခေတ်မှီနည်းပညာများကို အသုံးချကာ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်းရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်သည် စုစုပေါင်း အရှည် ၂၃၇၁ မိုင်ရှိ၍ မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းသည် မိုင် ၄၇၀ ကျော်ရှိပြီး ဇာတိကပိုက်လိုင်းသည် ထိုင်းနယ်စပ်အထိ မိုင် ၁၉၀ ခန့်နှင့် ရတနာပိုက်လိုင်းသည် မိုင် ၂၁၀ ကျော်ရှိသည်။

Local Read 109 times