ချင်းတွင်းမြစ်ကူးတံတား(ဖောင်းပြင်)နှင့်ဧရာဝတီမြစ်ကူးတံတား(ကသာ) တည်ဆောက်မည်


03 November, 2020

ကုန်သွယ်မှုလမ်းကြောင်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံစိုက်ထုတ်ချေးငွေဖြင့် ချင်းတွင်းမြစ်ကူးတံတား (ဖောင်းပြင်)နှင့်ဧရာဝတီမြစ်ကူးတံတား(ကသာ)တည်ဆောက်ရန် တရုတ်နိုင်ငံမှစစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့တင်ပြဆွေးနွေးထားကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှသိရသည်။

ချင်းတွင်းတံတား(တမူး-ဖောင်းပြင်)မှာအရှည်ပေ၄ဝဝဝခန့်ရှိမည်ဖြစ်ပြီးအိန္ဒိယနယ်စပ်တမူး-စစ်သောင်လမ်း အတွက်ခန့်မှန်းကုန်ကျငွေကျပ် ၃၄ဝဝဝသန်းနှင့် ဧရာဝတီတံတား(ကသာ-ဗန်းမော်)တံတားမှာ ဗန်းမော်ဘက် သို့အရှည်ပေ၁၅ဝဝဝခန့်နှင့်ခန့်မှန်းကုန်ကျငွေကျပ်၁၂၇၅ဝဝသန်း ရှိနိုင်ကြောင်းသိရသည်၊

တရုတ်နယ်စပ်ဗန်းမော်သို့ ဗန်းမော်-မန္တလေးလမ်းအတိုင်းရောက်ရှိနိုင်ကြောင်းသိရသည်။

ကုန်သွယ်မှုလမ်းကြောင်းအတွက်ဦးစားပေးလုပ်လိုသောနေရာများဖြစ်ပြီးယခုအခြေအနေမှာ ဆွေးနွေးချက် များသာဖြစ်သေးကြောင်း၊

အကောင်အထည်ဖော်ဆောင်ရွက်ရန်လုပ်ငန်းအဆင့်ဆင့်ကျန်ရှိသေးကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှပြောခဲ့ကြောင်းသိရသည်။

ကုန်သွယ်ရေးဆိုင်စီးပွားရေးလုပ်ငန်းများ၊ကျန်းမာရေး၊ပညာရေးနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက်အိန္ဒိယနိုင်ငံ မိုးရေးမြို့မှ

မြန်မာနိုင်ငံ မန္တလေးမြို့နျင့်ရန်ကုန် မြို့တို့ကိုဖြတ်ပြီး ထိုင်းနိုင်ငံမဲဆောက်မြို့ကို ဆက်စပ်သည့် မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံဖြတ်ကျော်လမ်းအဆင့်မြှင့်တင်မှုကိုလည်း ယခုနှစ်အတွင်းစတင် ဆောင်ရွက်ရန်လုပ်ဆောင်နေကြောင်းသိရသည်။

သုံးနိုင်ငံဖြတ်ကျော်လမ်းအဆင့်မြှင့်တင်မှုတွင် တံတားပေါင်း၆၉စင်းကို ခိုင်မာသည့်ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ရန်လုပ်ငန်းများပါဝင်မည်ဖြစ်ပြီး လမ်း၊တံတားအားလုံး အဆင့်မြှင့်တင်ရန်အမေရိကန်ဒေါ်လာ သန်း၄၅၀ကုန်ကျမည်ဟု ယခင်ကခန့်မှန်းထားကြောင်းသိရသည်။

Pyi Myanmar

Region Mixed Use and Urban Read 109 times