ငမိုးရိပ်ချောင်းကူးတံတားနှင့် စံပြဈေး လူကူးခုံးကျော်တံတားတည်ဆောက်မှု အခြေအနေ


07 November, 2020

 

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဆောက်လုပ်နေသည့် ငမိုးရိပ်ချောင်းကူးတံတားနှင့်သင်္ဃန်းကျွန်း စံပြဈေးအနီးရှိလူကူးခုံးကျော်တံတား နှစ်စင်းတည်ဆောက်နေမှုမှာ စက်တင်ဘာ၅ရက်တွင်အပ်နှံမည်ဖြစ်သော်လည်း နိုင်လွန်ကတ္တရာခင်းရန် ကျန်ရှိနေသေးသည့်အတွက် အသုံးပြုခွင့်ကို အောက်တိုဘာလအတွင်းမှ သာအသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာနမှ သိရသည်။

တံတားနှစ်စင်းဆောက်လုပ်ခြင်းအတွက် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီ နှစ်ခုမှ ဧပြီ၁ရက်တွင်ဆောက်လုပ်ရေးလုပ်ငန်းများ တစ်ပြိုင်နက် စတင်ခဲ့ခြင်းဖြစ်ပြီး

ဆောက်လုပ်ခွင့်စည်းကမ်းများကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စာချုပ်ချုပ်ဆိုရာတွင် စာချုပ်ပါ သတ်မှတ်ချက်များအရ ဆောက်လုပ်ခွင့်ကို အချိန်ငါးလသတ်မှတ်ထားကြောင်းသိရသည်။

ယာဉ်ကြောကျပ်တည်းမှုဖြေလျှော့နိုင်ရေးစီမံချက်တစ်ရပ်အနေဖြင့် တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ငါးမာန်အောင်ဘုရားလမ်းတို့ကိုဆက်သွယ်ထားသည့်

နှစ်လမ်းသွား ငမိုးရိပ်ချောင်းကူးတံတားနှင့် သင်္ဃန်းကျွန်း မြို့နယ် လေးထောင့်ကန်လမ်း(စံပြဈေးအနီး) မီးပွိုင့်နှင့် ပေနှစ်ရာအကွာတွင် ဆောက်လုပ်နေသည့် လူကူးခုံးကျော်တံတား တည်ဆောက်ရေးအတွက်

တင်ဒါခေါ်ယူခြင်းကို ၂ဝ၁၆ခုနှစ် ဒီဇင်ဘာ၂ဝရက်မှ ၂ဝ၁၇ခုနှစ် ဇန်နဝါရီလ ၁ရက်အထိပြုလုပ်ခဲ့ပြီး ငမိုးရိပ်ချောင်းကူးတံတားတည်ဆောက်ခြင်းအတွက် ကုမ္ပဏီငါးခုတင်ပြခဲ့ရာ မြတ်နိုးသူကုမ္ပဏီ နှင့်

စံပြဈေး လူကူး ခုံးကျော်တံတားတည်ဆောက်ခြင်းအတွက် မြသက်တင်ကုမ္ပဏီ တို့မှ တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း နှင့်တံတား) မှ သိရသည်။

Automobile

Local Mixed Use and Urban Read 55 times