သာစည်ကျေးရွာရှိ အုတ်လုပ်ငန်းလုပ်ကိုင်သူများ အုတ်များကို ဈေးလျှော့ပြီး ရောင်းချနေရ

09 January, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သာစည်ကျေးရွာ၌ အုတ်လုပ်ငန်းတစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိသည့် ဒေသခံပြည်သူတချို့သည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်အတွင်း အုတ်များကို ဈေးလျှော့ရောင်းချနေရကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

“အရင်နှစ်တွေမှာတော့ အုတ်တစ်ချပ်ကို အနည်းဆုံး ငွေကျပ် ၇၀ ခန့်အထိ ရောင်းချရပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေလို့ ဝယ်သူတွေ နည်းပါးသွားတဲ့အတွက် အုတ်တစ်ချပ်ကို ငွေကျပ် ၅၀ ခန့်သာ ရောင်းချရပြီး လုပ်ငန်းလည်း အရှုံးပေါ်နေတယ်” ဟု အုတ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်တင်တင်တိုးက ပြောပြသည်။

အလုပ်သမားများကို နေ့စားအဖြစ် ငှားရမ်းလုပ်ကိုင်ပြီး လုပ်ကိုင်ရသည့်အလုပ်ပေါ်မူတည်၍ ငွေပေးချရေကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းအရှုံးပေါ်သော်လည်း အလုပ်သမားများ၏ စားဝတ်နေရေး အဆင်ပြေရန်အတွက် အုတ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ အလုပ်သမားများလည်း အဆိုပါလုပ်ငန်းဖြင့် အဆင်ပြေလျက်ရှိကြောင်း၊ သာစည်ကျေးရွာတွင် အုတ်လုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦးခန့်ရှိကြောင်း သိရှိရသည်။

ရဲအောင်(ကသာ)

Local Read 224 times