အုတ်ရွေးချယ်ရာတွင် အကောင်းဆုံးဖြစ်ရန် သိထားသင့်သည့် အုတ်အင်္ဂါရပ်များ


01 January, 2020

ဆောက်လုပ်ရေးတစ်ခုလုပ်တော့မယ်ဆိုလျှင် မရှိမဖြစ်လိုအပ်သည့်ပစ္စည်းထဲမှာ အုတ်လည်းအပါအဝင်ဖြစ်ပါတယ်။ အုတ်ကို အသုံးပြုရာတွင် အုတ်အမျိုးအစားနဲ့ အုတ်ရဲ့အင်္ဂါရပ်များကို လေ့လာနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

 ပထမတန်းစားအုတ်၏ဂုဏ်အင်္ဂါရပ်များ

 ၁။ ကောင်းမွန်သော အုတ်များသည် အပူချိန်ညီ၍ ကောင်းစွာလောင်းကျွမ်းပြီး နီမြန်းသောအရောင်ရှိခြင်း။

 ၂။ အုတ်၏နံဘေးစောင်းများထက်နေ၍ တွန့်လိမ်ကွဲအက်ခြင်းများ မရှိခြင်း။

 ၃။ အုတ်ကိုချွန်ထက်သောအရာဝတ္ထုနှင့် ခြစ်ကြည့်ပါက အရာမထင်ခြင်း။

 ၄။ အုတ်နှစ်ချပ်ကိုရိုက်ခတ်ကြည့်သောအခါ ကြည်လင်ပြတ်သားသောအသံပေါ်ထွက်လာခြင်း။

 ၅။ အုတ်ကိုရေတွင် ၁ နာရီမှ ၂နာရီခန့်စိမ်ထားပါက အုတ်အလေးချိန်၏ ၆ပုံ ၁ပုံ မှ ၄ပုံ ၁ပုံ ရှိသောရေကိုစုပ်ယူနိုင်ခြင်း။

 ၆။ အုတ်ကိုဖိနှိပ်ကြည့်ပါက တစ်စတုရန်းပေသည် တန်ချိန် ၅၀ အလေးခံနိုင်ခြင်း။

 ၇။ အုတ်တစ်ချပ်ကို၂ ပေခွဲ သို့မဟုတ် ၃ပေခန့် ရှိသောအမြင့်မှမြေပြင်သို့ လွတ်ချကြည့်ပါကကွဲအက်မှုမရှိခြင်း တို့သည် ပထမတန်းစားအုတ်၏ဂုဏ်အင်္ဂါရပ်များပဲဖြစ်ပါတယ်။

 ဒုတိယတန်းစားအုတ်မှာ အက်ကွဲတာများ အနည်းငယ်ပါရှိတတ်ပြီး တတိယတန်းစားအုတ်များမှာမူ ပထမတန်းစားနှင့် ဒုတိယတန်းစားအုတ်များကို ရွေးချယ်၍ကျန်ရှိသော အုတ်များပင်ဖြစ်ပါတယ်။

Tips Read 690 times