BRAC Myanmar နှင့် ရိုးမဘဏ်တို့ ပူးပေါင်း၍ အသေးစားချေးငွေများထုတ်ပေးမည်


20 November, 2020

ဘင်္ဂလားဒေ့ရှ်အခြေ စိုက်အသေးစားချေးငွေလုပ်ငန်း ကုမ္ပဏီ BRAC (Myanmar)နှင့် ရိုးမဘဏ်တို့ပူးပေါင်း၍ အိမ် ထောင်စုတစ်ခုလျှင် ကျပ်တစ် သိန်းခွဲမှ ကျပ်သိန်း ၁ဝဝ အထိ အသေးစားချေးငွေများထုတ်ပေး မည်ဟု ယင်းကုမ္ပဏီနှစ်ခုမှ သတင်းထုတ်ပြန်သည်။

အဆိုပါချေးငွေအတွက် မြေ နှင့်အိမ်ရာ စသည့် အပေါင်ပစ္စည်း မလိုအပ်သလို ချေးငွေထုတ်ပေး သည့် စံနှုန်းအသစ်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ပါဝင် သည်။

မြန်မာနိုင်ငံတွင် ရှိသော အသေးစားစီးပွားရေးလုပ်ငန်းရှင် အမျိုး သမီးများ အတွက် ကူညီထောက် ပံ့ပေးတာတွေ တိုးမြှင့်လုပ်ဆောင် ရန် ဟု ရိုးမဘဏ်ဥက္ကဋ္ဌနှင့်အမှု ဆောင်အရာရှိချုပ်၏အထူးအကြံ ပေး မှ ပြောကြားသည်။

အဆိုပါချေးငွေအတွက် ရိုးမဘဏ်က BRAC သို့ ကျပ်နှစ်ဘီ လီယံထုတ်ချေးမည်ဖြစ်ပြီး စုစု ပေါင်းအိမ်ထောင်စု ၄,ဝဝဝ အ တွက် ချေးငွေထုတ်ပေးမည်ဟု အဆိုပါကြေညာချက်တွင် ဖော် ပြသည်။

အထက်ပါချေးငွေအတွက် ရိုးမဘဏ်နှင့် BRAC တို့ကြား သဘောတူစာချုပ်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ချုပ်ဆိုခဲ့သည်။ BRAC သည် အမျိုးသမီးများအ တွက် အသေးစားချေးငွေ ထုတ် ချေးသည့် ကုမ္ပဏီဖြစ်သည်

ရိုးမဘဏ်နဲ့ BRAC အကြား ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ နိုင်ငံ အားလုံးပါဝင်နိုင်သော ငွေ ကြေးကဏ္ဍကို တည်ဆောက်မှုအ တွက် အချိန်ကိုက်ခြေလှမ်းတစ်ခု ဖြစ်သည် ဟု BRAC ၏မြန်မာ ကိုယ်စားလှယ် မှ ပြောသည်။

အဆိုပါ ချေးငွေကို ရိုးမဘဏ်သည် ပြည်တွင်းရှိ အသေး စားလုပ်ငန်းများအတွက် LIFT (Livelihoods and Food SecurityTrust Fund)၏ ပံ့ပိုးမှုဖြင့် ထုတ် ချေးခြင်းဖြစ်သည်ဟု သိရသည်။

BRAC ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ၁၉၇၂ က တည်ထောင်ခဲ့ပြီး နိုင်ငံ ၁၁ နိုင်ငံ၌ ရုံးခွဲများ ဖွင့်လှစ်ထားသည်။

ယင်းကုမ္ပဏီသည် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းတို့တွင် ကိုယ်စားလှယ်ရုံး ခွဲများဖွင့်လှစ်ထားပြီး ကန်ဒေါ်လာ ၃၅ သန်းထုတ်ချေးပြီးဖြစ်သည်။

Local Public Housing Read 46 times