အငှါးစာချုပ်နဲ့ ဝယ်ထားသူတွေ မနစ်နာအောင် ဆောင်ရွက်ထားသော BOT အိမ်ရာ


10 December, 2019

အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) နည်းလမ်းများမှာ ပါဝင်တဲ့ BOT (Build , Operate , and Transfer) စနစ်နဲ့ တည်ဆောက်ထားတဲ့ အိမ်ရာတွေကနေ အငှါးစာချုပ်နဲ့ ဝယ်ယူထားသူများ မနစ်နာစေဖို့ အစိုးရအနေနဲ့ဆောင်ရွက်ထားတယ်လို့ စီမံကိန်းနှင့်

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောပါတယ်။

 ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဘီအိုတီစနစ်နဲ့ မြေငှါးရမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီများနဲ့ပတ်သက်ပြီး နောင်မှာ ဝယ်ယူသူ ၊ အငှါးချထားသူများ မနစ်နာစေရေး ရှင်းလင်းညွန်ပြပေးရန် အစီအစဉ် ရှိမရှိမေးမြန်းရာမှာ ဒုတိယဝန်ကြီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
 
ဦးမောင်မြင့်က လက်ရှိမှာ ဘီအိုတီစနစ်နဲ့ ငှါးရမ်းပြီးဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီများ ရှိကြောင်း၊ ဥပမာ Golden City , INNO City , Myanmar Plaza တို့ဖြစ်ကြောင်း သည်စနစ်အရ နှစ် ၇၀ ကြာရင် ပြန်လွှဲပေးရသည်ကို နားလည်းကြောင်းနဲ့ ဘီအိုတီ စနစ်နဲ့ ဆောင်ရွက်ရာမှာ ဟိုတယ် ၊ ရှော့ပင်စင်တယ် စတာတွေကိုသာပြုလုပ်သင့်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အခုကပြည်သူတွေကို နှစ် ၇၀ အငှါးစာချုပ်နဲ့ ရောင်းချနေတာကို တွေ့ရတဲ့အတွက် သည်စနစ်နဲ့လုပ်ကိုင်နေတဲ့ ပြည်ပကုမ္ပဏီများနဲ့ ပတ်သက်ပြီး နောင်မှာ ဝယ်ယူသူ ၊ အငှါးချထားသူများ မနစ်နာစေဖို့ ရှင်းလင်းညွှန်ကြားပေးဖို့ ဦးမောင်မြင့်ကမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 စီမံဘဏ္ဍဒုဝန်ကြီး ဦးဆက်အောင်က ဘီအိုတီလုပ်ငန်းတစ်ခုဟာ အိမ်ရာတည်ဆောက်မှုတစ်ခုဖြစ်ရင် ဘီအိုတီလုပ်ငန်းသက်တမ်းကုန်ဆုံးပြီး လွှဲပြောင်းချိန်မှာ သည်အိမ်ရာအခန်းများ ဝယ်ယူနေထိုင်သူများနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ဘီအိုတီစာချုပ်ထဲမှာ ထည့်သွင်းချုပ် ဆိုနိုင်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။တကယ်လို့ ဘီအိုတီစာချုပ်မှာ သည်အချက်နဲ့ပတ်သက်ပြီး ထည့်သွင်းချုပ်ဆိုမှု မရှိရင် ဘီအိုတီသက်တမ်း ကုန်ဆုံးတဲ့အခါ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုအနေဖြင့် သည်စာချုပ်ဆိုတဲ့ ဘီအိုတီစာချုပ်နဲ့အညီသာ လုပ်ငန်းဆောင်ရွက်မှုများကို အစိုးရသို့ လွှဲပြောင်းဆောင်ရွက်မယ်လို့ ဦးဆက်အောင်က ပြောပါတယ်။

 ဒါ့အပြင် PPP စီမံကိန်းတွေကို နည်းလမ်းတကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားတဲ့အတိုင်း ppp စင်တာကို စီမံကိန်းနှင့် ဘဏ္ဍရေးဝန်းကြီးဌာနမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သိပါတယ်။ အစိုးရအဖွဲ့အစည်းများအနေနဲ့ PPP ယူနစ်ဖွဲ့စည်းပြီး အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ရေးတာဝန်ယူမှာ ဖြစ်တယ်လို့လည်း ဦးဆက်အောင်က ရှင်းလင်းတင်ပြခဲ့ပါတယ်။

 ဒါ့အပြင် လုပ်ငန်းဆောင်ရွက်တဲ့ ဝန်ကြီးဌာနတွေအနေနဲ့ ဘီအိုတီနဲ့လုပ်ကိုင်တဲ့ ပြည်ပကုမ္ပဏီများနဲ့ ပတ်သက်ပြီး နောင်မှာ ဝယ်ယူသူ ၊ အငှါးချထားသူများ မနစ်နာစေရေးကိုလည်း အစိုးရ ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန (PPP စင်တာ )နဲ့ အစိုးရ ၊ ပုဂ္ဂလိ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ (PPP ယူနစ်) တို့နဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ သိရပါတယ်။

 ဒုဝန်ကြီးဖြေကြားချက်နဲ့ ပတ်သက်ပြီး ဦးမောင်မြင့်က မြေပြင်မှာ လက်တွေ့ဖြစ်နေတာက Lease Agreement (ငှါးရမ်းခြင်းသဘောတူညီချင် )သာဖြစ်ပြီး ရောင်းတာမဟုတ်ကြောင်း ဆက်စပ်မေးခွန်းအနေနဲ့ မေးမြန်းခဲပါတယ်။ ဆက်စပ်မေးခွန်းနဲ့ ပတ်သက်ပြီး ဒုဝန်ကြီးက ဖြေကြားရာမှာတော့ Lease Agreement ဆိုတဲ့ နေရာမှာ ကွန်ဒိုတိုက်ခန်းမပြောနဲ့ မြေယာနဲ့ ပတ်သက်လို့ရှိရင်တောင်မှ Lease Agreement နဲ့ပဲ ပြောတာဖြစ်တယ် လို့ ရှင်းလင်းတင်ပြပါတယ်။

Residential Read 50 times